အခန်း-၂၄

1.7K 167 34
                                    

ဒဏ်ရာရကျားနာတစ်ကောင်လို ငြိမ်သက်တိတ်ဆိတ်သွားသော စည်သူထွန်း ကို ရှေ့ငါးလှမ်းကြိုရောက်ပြီးသား ဘီလီယံက လှည့်ကြည့်လာသည်။

နာကျင်ခံပြင်းမှုကို မျက်လုံးမှာ အားထည့်ပြီး စိုက်ကြည့်နေတာ မြင်တော့ ဘီလီယံ့ မျက်နှာ ပျော့ပျောင်းသွားသည်။ စည်သူ့ဆီသို့ ခြေလှမ်းကျဲများနှင့် လှမ်းလာပြီး လက်တစ်ဖက်ကို ကြမ်းကြမ်းတမ်းတမ်းကောက်ဆွဲ၏။

စည်သူ ဘာမှမပြောဘဲ ဘီလီယံ ဆွဲခေါ်သည့်နောက် လိုက်လာခဲ့သည်။

"တစ်ခုခုတော့ ပြောဦးလေ.. စိတ်ပျက်ပြီး အဖက်ကို မလုပ်တော့တာလား"

ဘီလီယံ့အသံက ဆောင့်ထွက်လာသည်။ စည်သူ့ ဒေါသနှင့် ဒီအခြေအနေမှာ တစ်ခုခုပြောက သူနှင့် ဘီလီယံ အကြီးအကျယ် ရန်ဖြစ်ရလိမ့်မည်။ ထို့ကြောင့် စိတ်အေးရန် စောင့်ပေးတာကို  အလိုမကျ။ ချစ်လို့ သဝန်တိုတာထက် ကိုယ့်ရည်းစားကို ဒီလိုသုံးနှုန်းစွပ်စွဲလိုက်တာကိုပဲ နာသည်။

မျက်နှာတစ်ခြမ်းလွှဲဖယ်ထားပြီး လည်ပင်းဝမှာ တစ်ဆို့နေသည့် ကြပ်ခဲများကို ကြိုးစားမြိုချလိုက်သည်။ ပတ်ဝန်းကျင်ရှိနေ၍ ဘီလီယံ့ စိတ်ကြိုက် လိုက်ရကာ ကန်တင်းမြန်မြန်ရောက်ဖို့ကိုသာ ဆုတောင်းနေမိသည်။

မိုးစိန်လက်ဖက်ရည်ဆိုင်မဟုတ်ဘဲ မျိုးချစ်လက်ရည်ဆိုင်ထဲ ဝင်သွားပြီး သူငယ်ချင်းများရှိသည့် ဝိုင်းရှေ့အရောက်မှာ စည်သူ့လက်ကို ဆွဲချပြီး ဘေးကပ် ထိုင်စေသည်။

သူငယ်ချင်းများက သူတို့ မျက်နှာအခြေအနေကို ကြည့်ပြီး ရိပ်မိလိုက်ကြသည်။

"မနေ့ကမှ တွဲတာကို ဒီနေ့ ရန်ဖြစ်ကြပြီလား"

ယုယ မျက်နှာ၌ ပေါ်နေသော မေးခွန်းကို ဒန်းမွေက မေးခြင်းဖြစ်သည်။ ပြည်ခမ်းစိုင်ကတော့ သူနှင့်မဆိုင်သလို ရှမ်းခေါက်ဆွဲကိုသာ ငုံ့စားနေ၏။

"မဟုတ်ပါဘူး"

ရှက်စိတ်ကြောင့် အေးဆေးသိမ်မွေ့စွာ ခေါင်းယမ်းငြင်းဆိုလိုက်သော စည်သူနှင့် တစ်ကိုယ်တည်း မီးတောင်ပေါက်ကွဲနေသော ဘီလီယံ့ကြား လေထုက ထူခဲအေးစက်နေသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now