အခန်း-၂၂

1.9K 167 39
                                    

Ting

မက်ဆေ့မြည်သံကြောင့် ဘီလီယံ ခေါင်းထောင်ကြည့်လိုက်သည်။
ဇာတ်ကားဖွင့်ပြီး အိပ်ပျော်သွားတာမို့ မီလီယံ့ဖင်အောက် ရောက်နေသည့် ဟန်းဖုန်းလေးကို ဟိုစမ်းဒီစမ်းရှာလိုက်ရ၏။

ဖုန်းစခရင်ပေါ်၌ “သဲသဲ” ဆိုသော ဖုန်းနံပါတ်မှ မက်ဆေ့တစ်စောင် ဝင်နေသဖြင့် ဘီလီယံ ငုတ်တုတ်ထထိုင်မိသွားသည်။

"မီလီယံ.. မီလီယံ.. ထစမ်း"

Finger lock နှင့် ဖုန်းကို ဖွင့်ပြီး မီလီယံ့ကို ပုတ်နှိုးလိုက်၏။ မီလီယံက တုတ်တုတ်ပင်မလှုပ်သည်မို့ ကြွားဝါချင်နေသော ဘီလီယံခမျာ နှာတစ်ချက်မှုတ်ပြီး ကိုစည့် မက်ဆေ့အား တစ်ယောက်တည်းဖတ်ရန်ဆုံးဖြတ်လိုက်သည်။

"မနက်ဖြန် မင်းအတွက် နာရီလက်ဆောင်တော့ ပြင်ထားတယ်.. သဇင်ခြံက သွားဦးမှာလား"

မက်ဆေ့က တစ်ဆင့် ခန့်မှန်းမိလိုက်သည့် ကိုစည့်စကားပြောပုံဟာ ကလေးတစ်ယောက်ကို စိတ်မရှည်သော အဘိုးကြီးတစ်ယောက်၏ လေသံလိုမျိုး ခပ်ပြတ်ပြတ်နှင့် တိုတိုတုတ်တုတ်။ ကိုစည်သူတို့က သမိုင်းမေဂျာအတွက် မဟာတန်းတက်နေတာမဟုတ်ဘဲ ဘီလီယံ့အား ရက်စက်ခြင်းမေဂျာအတွက် မဟာတန်းတက်နေသည်ဟုပင် ထင်ရလောက်ပါသည်။

ဘီလီယံ စာပြန်ပို့မည်ကြံကာမှ ဘေကမရှိပေ။ ကိုစည်တို့ကလည်း Over 25 ဟုပြောစရာမလိုအောင် မက်ဆင်ဂျာသိပ်မသုံးဘဲ မက်ဆေ့နှင့်သာ အလွယ်ပို့သည်။

အိမ်က ဝိုင်ဖိုင်နှင့်ပဲ ဝေ့ဗ်ထဲဝင်ပြီး ဖုန်းငွေဖြည့်လိုက်ကာ မက်ဆေ့ပြန်ပို့ရ၏။

"နာရီလက်ဆောင်က ဘာလို့ပြင်ထားတာလဲ.. ကျွန်တော် တောင်းတဲ့လက်ဆောင်က တစ်ခုပဲလေ"

ကိုစည့်ဆီက စာပြန်မလာပေ။ မက်ဆင်ဂျာ မဟုတ်တာမို့ ဝင်ကြည့်လား၊ မကြည့်လားပင် မသိနိုင်။ ဒါတွေကြောင့် မက်ဆေ့မပို့ချင်တာ။

"ကိုစည် ကျေးဇူးပြုပြီး မက်ဆင်ဂျာကိုပဲလာလို့ရလား.. မက်ဆေ့နဲ့က ကျွန်တော်သိပ် used to မဖြစ်လို့ "

"မလာတော့ပါဘူး.. အဲ့ဒါပဲ မေးချင်လို့ လှမ်းပြောလိုက်တာ... ဒါဆို သဇင်ခြံသွားမယ်ပေါ့ ဘယ်ချိန်သွားမှာလဲ.. မြောက်ပြင်က ခြံကိုပဲ သွားမှာလား"

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now