အခန်း-၃၅

1.5K 168 30
                                    

"တတိယနှစ် သမိုင်းမေဂျာက သတ္တိကျော်စွာတဲ့.. သန်လျင်က ပြောင်းလာတာ"

"နာမည်ကိုက ဂနိုင်သားနာမည်နဲ့"

ဘီလီယံက မဲ့ရွဲ့ပြီး ထောပနာပြုလိုက်သည်ကို ဝေလကလည်း ခေါင်းညိမ့်ထောက်ခံသည်။

"ဟုတ်တယ်"

"စစ်ကိုင်းသားကလည်း မြှောက်ပေးမယ်ဆိုတာချည်းပဲ.. ခဏနေကြပါဦးကွ"

လင်းခက မေးရိုးနှစ်ဖက်ကို လက်ချောင်းများနှင့် မတင်ရင်း စဉ်းစားသလို လုပ်ပြီးမှ ပြေရာပြေကြောင်းပြောလာသည်။

"သူ ကိုကြီးစည်သူကို ရိုးရိုးသားသား ထီးလာမိုးပေးတာလည်း ဖြစ်နိုင်တာပဲ"

"ဘယ်ကောင်က သူနဲ့မသိတဲ့ ဘဲကို အဲ့လို သောက်ကဲပိုပြီး ထီးလာမိုးပေးမှာလဲ.. ငါတို့ သူငယ်ချင်းအချင်းချင်းတောင် အဲ့လိုမလုပ်ဘူး ဟေ့ကောင်.. "

ဘီလီယံတို့နှင့် ဘက်တူသည့် ခန်နိုင်းမံကလင်းခ၏ အထင်ကို ပြန်လည်ချေပပြီး ချက်ကျလက်ကျ ဝေဖန်ကဲ့ရဲ့လိုက်သောအခါ ဘီလီယံ၏ အရှိန်သေခါစ ဒေါသများက ရုန်းကြွလာတော့သည်။

"ကိုစည်ကလည်း အဲ့လိုကောင်မျိုးကို လက်ခံပြီး စကားပြောနေစရာကိုမလိုတာ"

"အော် ငပြည့်ရယ်.. ဟိုက ရုတ်တရက်ကြီး လာကပ်တာကို ဘယ်လိုတွန်းထုတ်ရမှာလဲကွ အဲ့နေ့က ကန်တင်းမှာ မင်းလုပ်ရပ် တော်တော် foul တယ်နော် ကိုကြီး သနားပါတယ် "

"အေးလေ.. ငါတို့က ဟိုကောင့်ကို သတိထားဖို့ပဲပြောတာ.. မင်း ရည်းစားကို စိတ်ဆိုးနေစရာမလိုပါဘူး"

"ဘယ်သူကစိတ်ဆိုးနေလို့လဲ"

"အော် မင်းက စိတ်မဆိုးဘူးတဲ့လား"

သူငယ်ချင်းတွေအားလုံးက လုပ်သံကြီးနှင့် ရွဲ့ပြောလာသော်လည်း ဘီလီယံက ဂရုမစိုက်ဘဲ မှုန်တေတေသာ လုပ်နေသည်။

"ပြန်ချော့လိုက်ပါကွ.."

"ပြန်ချော့ရအောင် ငါက ဘာအမှားလုပ်လို့လဲ"

"မင်း သူ့ကို ဘလိုင်းကြီးစိတ်ဆိုးသွားတာလေ.. ဒါတောင် ဟိုက မင်းကို အဆောင်ထိ လိုက်ချော့ရှာတာ.. မင်း သတိမထားမိပေမဲ့ ကျောင်းကဟာတွေရော အဆောင်ကဟာတွေရော မင်းတို့နှစ်ယောက်ကို ခိုးကြည့်နေကြတာ.."

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now