အခန်း-၂၅

1.7K 155 20
                                    

ဝင့်ကြွားနေသော ပန်းပွင့်နီနီများနှင့် ပုဏ္ဏရိပ်ပင်အောက်ရှိ ခုံတန်းများတွင် ကိုယ်စီထိုင်ရင်း ဘီလီယံတို့ အဖွဲ့ စာကျက်နေသည်။

ခန်နိုင်းမံက သင်ခန်းစာတစ်ခု လေ့ကျင့်ပြီး၍ အညောင်းအညာဖြေကာ သူ့လွယ်အိတ်ထဲမှ ဝေလ ဖတ်ခိုင်းထားသော ဝတ္ထုစာအုပ်ကို ဆွဲထုတ်ယူလိုက်သည်။

"ငါ ခုမှ သတိရတာ ဝေလပေးထားတဲ့ စာအုပ် မဖတ်ရသေးဘူး.. အားတုန်း ခဏလှန်ကြည့်လိုက်ဦးမယ်"

"ကျူတိုရီရယ်နီးမှ စာကုန်းလုပ်ပြီး မင်းက ဘာတွေ အလုပ်ရှုပ်နေတာလဲ"

"အေးလေ.. မင်း နှင်းမူနဲ့လည်း ပြတ်သွားပြီဆို..."

ခန်နိုင်းမံက ဖြောင်းစင်းနက်မှောင်သော ဆံနွယ်များကို တစ်ချက် သပ်တင်ပြီး မချိုမချဉ် ပြုံးလိုက်ရင်း..

"အသစ်ရနေပြီ"

"ဟွန်း.."

အချင်းချင်း ထင်သားပဲ ဆိုသည့် အကြည့်များနှင့် နှုတ်ခမ်းမဲ့လိုက်ကြသည်။

"အားကျလိုက်တာ အားကျလိုက်တာ အဲ့ရည်းစားတွေ မင်းတို့ ဘယ်ကရကြတာလဲကွာ"

ငိုသံပါကြီးနှင့် ဝေလ ထအော်လိုက်တာ
စာကုန်းရေးနေသည့် သောင်လင်းခကြွယ်ပါ ခေါင်းထောင်ကြည့်၏။

"မင်းတစ်ယောက်တည်းမဟုတ်ဘူး.. လင်းကျန်ပါသေးတယ်ကွ ဟဟ"

ပထဝီက မမနှင့် အချိန်းအချက်လုပ်နေသည့် ခီရာဦးက လှောင်ရယ်ခြင်းနှင့် နှစ်သိမ့်ဖြောင့်ဖြခြင်းကို တစ်ပြိုင်နက် တုံ့ပြန်သည်။

"လင်းခက ရည်းစားမှမလိုတာ.. သူက သူငယ်ချင်းလည်း စာ ရည်းစားလည်း စာ မိန်းမလည်းစာ ဖြစ်နေတဲ့ကောင်"

သောင်လင်းခကြွယ်က ဘာမှမပြောဘဲ ပြုံးတုံ့တုံ့နှင့် ခေါင်းပြန်ငုံ့၍ စာရေးနေသည်။

"မင်း ရည်းစားမရှိတာ ဘာထူးလဲ.. ရတာကို မယူဘူး၊ မရတာကျ ရအောင် ကြိုးစားမယ်မရှိဘူး တွန့်ဆုတ်ဆုတ်နဲ့"

"ကိုကြီးပြည်ခမ်းစိုင်သာ မမတစ်ယောက်ဖြစ်နေရင်တော့ ငါ အေးဆေးကြိုးစားမှာပေါ့ကွာ.."

အားမလိုအားမရ ဝေဖန်အပြစ်တင်မိတာကိုပင် ပြန်ရုတ်သိမ်းချင်လောက်အောင် မျက်နှာလေးက သနားစရာကောင်းနေသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now