အခန်း-၃၀

1.8K 143 57
                                    

စိမ်းညှို့သော အမြင်အာရုံရှေ့သို့ အပြာရောင် ရေထုထည်က ဖုံးလွှမ်းသွားလျက် နှာခေါင်းပေါက်နှင့် ပါးစပ်ထဲသို့ ရေတွေ အလုံးလိုက် ဝင်လာသည်။

ရေစီးကြောင်းဟာ လည်ချောင်းထဲမှ တိုးဝှေ့သွားလျက် အသက်ရှုလမ်းကြောင်းကို ပိတ်ဆို့ပစ်သည်။

ခြေနှစ်ဖက်နှင့် လက်နှစ်ဖက်ကို အားကုန်လှုပ်ရှားသော်လည်း မွန်းကြပ်ခြင်းမှအပ တခြားမခံစားနိုင်ဘဲ ယက်ကန်ယက်ကန် ဖြစ်လျက်မှ အသက်ငင်နေရသည်။

သူ့ နားထဲ အော်သံ ဟစ်သံများ ကြားရစဉ် ကန်ဘောင်ပေါ်မှ ဘီလီယံက ဒူးထောင် ထိုင်ချလိုက်တာ မပီမပြင် တွေ့ရသည်။

ဘီလီယံ့ နှုတ်ခမ်းများက တင်းတင်းစေ့ထားပြီး မျက်ဝန်းများက သူ့အား စိုက်ကြည့်နေသည်။

ဘီလီယံ့ နှုတ်ခမ်းများ လှုပ်ရှားလာ၏။

"ကျွန်တော့်ကို ကူညီစေချင်ရင် လက်ကမ်းပေးလေ ကိုစည်.."

ကိုစည်သည် သူ့ လက်အား ဘီလီယံ့ဆီသို့ ဦးတည်၍ မြှောက်လို့ ရသော်လည်း ဘယ်တော့မှ မြှောက်လိမ့်မည် မဟုတ်ပေ။

အကူအညီလိုအပ်ကြောင်း အကြည့်တစ်ချက်ပို့လိုက်ရုံနှင့်တင် ရေကူးကန်ထဲ ခုန်ဆင်းလာမည့် ဘီလီယံ့အား လျစ်လျှူရှုကာ ရေကန် အလယ်မှာ ပေါ်လိုက်မြှုပ်လိုက်နှင့် သနားစဖွယ် ဒုက္ခခံစားနေသည်။

ကိုစည်ဟာ ဘီလီယံ့ကို ဒီလို စိမ်းကားပါသည်။

"ရေနစ်နေတယ်ကွ.. ဟေ့ကောင်တွေ လုပ်ဦး"

"တစ်ယောက်မှ ဝင်မပါနဲ့.. ငါ့ရည်းစားကိစ္စ ငါနဲ့ပဲ ဆိုင်တယ်"

ကန်ဘောင်စွန်းမှ ပြေးထွက်လာသော ခန်နိုင်းမံနှင့် ဝေလကို ဘီလီယံ လှမ်းအော်ပစ်လိုက်သည်။

အသံမှာ အောင်မြင်ကျယ်လောင်လွန်းတာမို့ ရေနစ်နေသော စည်သူက ကောင်းမွန်စွာ ကြားရပါသည်။

စည်သူ့ ပါးပြင်ပေါ်က မျက်ရည်များကို ကလိုရင်းများက တိုက်စားသွားသည်။

ရင်သည် တဒိတ်ဒိတ် မြန်ဆန်စွာ ခုန်နေခဲ့ပြီး အသက်ရှင်နိုင်ဖို့ စက္ကန့်ပိုင်းလေးမျှသာ ကျန်ရစ်တော့သည်ဟု ခံစားနေရသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now