အခန်း-၃၄

1.8K 184 29
                                    

"အဲ့ဒါနဲ့"

ကြမ်းပြင်ပေါ်တွင် ကြက်ကြော်ဗူးများ ခင်းကျင်းထားသော အဆောင်ခန်း၌ သူငယ်ချင်းငါးယောက် ခေါင်းချင်းဆိုင်နေရာက ဝေလက မထိန်းနိုင်ဘဲ မေးလိုက်ခြင်း ဖြစ်သည်။

"အဲ့ဒါနဲ့ ငါတို့နှစ်ယောက် Goffee-Coffee ကိုရောက်သွားတယ်"

ခန်နိုင်းမံက အီးမှန်ထားသော မျက်နှာနှင့် အောင့်သက်သက် ဆက်ပြောလာသည်။ အတွေးထဲမှာလည်း ထိုနေ့က အကြောင်းအရာများက ချင်းနင်းဝင်ရောက်လာတော့၏။

Goffee-Coffee သို့ ရောက်အပြီးတွင် သူနှင့် မမမှာ ကော်ဖီဆိုင်၏ တစ်ဝိုင်းစီ၌ ထိုင်ရင်း အတွေးများစွာနှင့် ငြိမ်သက်နေမိကြတာ တစ်နာရီလောက် ရှိသည်။

သူတို့နှစ်ယောက်လုံးက ကိုယ့်လူကို စောင့်မျှော်သည့် ဟန်နှင့် ခပ်တည်တည် နေသော်လည်း စိတ်ထဲမှာတော့ တထင့်ထင့်နှင့် တစ်ယောက်ကိုတစ်ယောက် ခိုးကြည့်နေမိသည်။

နောက်နှစ်နာရီကြာတော့ ခန်နိုင်းမံက သည်းမခံနိုင်တော့ဘဲ ခုံပေါ်က ထကာ မမရှိရာ ဝိုင်းသို့ လှမ်းလာခဲ့သည်။ စားပွဲရှေ့ ရပ်လိုက်သော သူ့ကို ထိတ်လန့်တကြားနှင့် မမက မော့ကြည့်လာ၏။

"မမ မိတ်ဆွေက မလာသေးဘူးလား"

"မလာသေးဘူး နိုင်းမံ"

"သူက ယောက်ျားလေးလား"

"အင်း"

"ဖုန်းဆက်ကြည့်လိုက်ပါလား မမ"

ခန့်မှန်းထားသလိုပဲ မမက တုန့်ဆိုင်းနေပြီး..

"မမ နောက်နေ့မှ ပြန်ချိန်းလိုက်တော့မယ်"

ဟုဆိုကာ ထရပ်၍ သူ့ကို ကျောခိုင်းလိုက်သည်။ မမ သူနှင့် ငါးလှမ်းအကွာရောက်မှ ခန်နိုင်းမံက Dating app ကို ဖွင့်ပြီး audio call ကို နှိပ်လိုက်သည်။

ဆလင်းဘတ်ထဲက ဖုန်းဆီမှ ringtone သံ မြည်လာသောအခါ မမ ခြေထောက်များက တောင့်ခဲသွားတော့၏။

ရုတ်တရက် မမက သူ့ကို ဖျတ်ခနဲ လှည့်ကြည့်သည်။ မျက်ကပ်မှန် တပ်ထားသော မျက်ဝန်းများ စိမ်းလက်နေသည်အထိ ဒေါသထွက်လိမ့်မည် ဟုတော့ သူ မထင်ခဲ့ပေ။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now