အခန်း-၄၄

1.3K 139 26
                                    

"ဘီလီယံ ယားတယ်လို့"

"ခိခိ"

ရေသွားချိုးတော့မည့် စည်သူ့ကို ခါးမှ ဆွဲဖမ်းကာ ကုတင်ပေါ် လှဲချပြီး bathrobe တွေ တွန့်ကြေကာ ကြိုးပြေကျသည်အထိ သူနှင့် လုံးထွေးဆော့ကစားစေသော ဘီလီယံပင် ဖြစ်သည်။

စည်သူ့မှာ ကိုယ်ပေါ် တက်ခွပြီး နံရိုးကြားတစ်လျှောက် လက်ချောင်းတွေနှင့် လိုက်ထိုးနေသည့် သူ့ကို တော်ရုံအင်အားနှင့် ဖယ်ချမရဘဲ သူဖိထားသည့်အတိုင်း တွန့်လိမ်ကာ အော်ဟစ်နေရသည်။

< sweet little bubble bee..
More than just a fantasy >

"ဟားဟား"

သူ့ဖုန်းသံကြောင့် ပိုရယ်လိုက်မိရင်း အာရုံပြောင်းသွားသော သူ့ကို ပုခုံးမှ တွန်းလှဲကာ တက်ခွပြီးမှ စားပွဲပေါ်က ဖုန်းကို ယူပေးလိုက်သည်။ ဖုန်းမကိုင်ခင် တစ်ချက် ကလိထိုးတော့ မျက်နှာကို တစ်ဖက်စောင်းရင်း တခစ်ခစ်ရယ်လာ၏။ ချစ်ဖို့ကောင်းလိုက်သည့် ကလေး။

"ခန်နိုင်းမံတို့ဆက်တာ.. ဟယ်လို ဖေ့သား ပြော"

စည်သူ့ကို အရင်အစီရင်ခံပြီးမှ ဖုန်းကိုင်လိုက်တာမို့ ကိုယ့်ကိစ္စနဲ့ကို ရေသွားချိုးရန် သူ့ကိုယ်ပေါ်က ထလိုက်သော်လည်း သူက အထမခံဘဲ စည်သူ့ ပုခုံးမှ ဆွဲယူ၍ သူ့ရင်ဘတ်ပေါ် မှောက်အိပ်စေသည်။

"ဘီလီယံ ဘယ်လိုဖြစ်နေလဲ"

"ခဏလေးပါ သဲသဲရဲ့"

တစ်ဘက်က ပြောသမျှ အကုန် ကြားနေရတာမို့ ခန်နိုင်းမံက အရင်ကျိန်ဆဲသည်။ ဘီလီယံ ရယ်မောတော့မှ ဆက်ပြောလာ၏။

"လင်နဲ့ပဲသာယာမနေနဲ့ ဟိုကောင် ဝေလ တိုက်ပွဲကျနေပြီ"

"ဟင် ဘယ်လိုဖြစ်တာလဲ"

"ကိုကြီးပြည်ခမ်းစိုင်ကို သွားဖွင့်ပြောတာလေ ဟိုက သူ့ကို ငြင်းလွှတ်လိုက်တာလားမသိဘူး.. ညနေကတည်းက တငိုငိုတရီရီနဲ့ မောင့်မျက်ရည်ဝိုင်းလုပ်နေတာ ငါတို့မေးလိုက်တိုင်းလည်း ကိုကြီးက ငါ့ကိုမချစ်ဘူးချည်း ပြောနေတယ်.. "

"ကွဲရောပေါ့.. ဒီကောင်ကလည်း ဘာမှတိုင်ပင်မယ်မရှိ ဆိုင်းမဆင့်ဗုံမဆင့်.. ခုရော ငိုနေသေးတာလား ဖုန်းပေးလိုက်စမ်းပါ"

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now