အခန်း-၁၅

2K 154 17
                                    

ကောင်တာမှာ ပိုက်ဆံရှင်းတော့ ဘီလီယံ ပစ်တင်လိုက်သည့် မီလီယံ့အတွက် မုန့်၊ ခွေးစာ၊ သူ့အတွက် ပဲနို့နှစ်ဗူးနှင့် တရုတ်မုန့်ထုပ်အစပ်တွေကို မြင်ပြီး စည်သူ ကြိတ်ပြုံးလိုက်မိသည်။

အလကား.. တကယ့် သောက်ကလေး။

ဘီလီယံက မီလီယံ့ကို ကောက်ချီလိုက်ပြီး ဟူဒီအိတ်ကပ်လေးထဲမှ ပိုက်ဆံနှိုက်ကာ ကမ်းပေးပြီးနောက် စည်သူ့ကို လှည့်ကြည့်လာသည်။

"ကိုစည် ဘာတွေဝယ်တာလဲ.. ကျွန်တော် ရှင်းလိုက်မယ်လေ... သူ့အတွက်ပါ ပေါင်းရှင်းမယ်နော် အစ်မ"

"မလိုပါဘူး.. ကိုယ့်ဟာကိုရှင်းပေါ့"

"အာ နေပါစေ.. အကြွေးလည်းတင်ထားတာကို... အစ်မ မြန်မြန်တွက်​ပေး"

ဘီလီယံ ပြောလိုက်သည့် အကြွေးဆိုတာ စည်သူ စဉ်းစားမရပေ။ ဒီကောင်လေး သူ့ဆီက အကြွေးယူထားတာ မရှိပါဘူး။
ဘီလီယံက သူ့ တုံ့ပြန်ချက်ကို မစောင့်ဘဲ ပိုက်ဆံ သွက်သွက် ရှင်းနေတုန်း လက်ထဲမှာ မနိုင်မနင်း ပွေ့ထားသည့် မီလီယံက အသက်ငါးလလောက် ရှိပြီဟု စည်သူ ခန့်မှန်းလိုက်နိုင်သည်။ စားကောင်းသောက်ကောင်း၍ ဝတစ်နေကာ ခပ်ဖွာဖွာ ဝဲနေသည့် လည်ဆံမွှေးလေးများကလည်း ကျန်းမာရေးကောင်းစွာနှင့် နက်မှောင်ရင့်သန်နေသည်။ ညီအစ်ကိုနှစ်ယောက် ဆံပင်အရောင်ကတော့ တူတူပင်။

စည်သူ စိုက်ငေးကြည့်နေတုန်းမှာပင် မီလီယံ့ ဦးခေါင်းက ဆတ်ခနဲ လှည့်လာသည်။ အပြာနုနု မျက်ဆံအိမ်လေးများနှင့် မီလီယံက စည်သူ့ကို ကြည့်ရင်း ဘီလီယံ့ လက်မောင်းမှာ နွဲ့မှီတိုးဝှေ့လိုက်သည်။
စည်သူ့ စိတ်ထဲ ကျင်ခနဲ ဖြစ်သွားပြီး မီလီယံ့ကိုပါ ခေါင်းခေါက်ချင်သွားသည်။။ ခွေးရော သခင်ရော အချိုးမပြေ။

"အဲ.. မိုးတွေရွာလာပြီ"

ကောင်တာက ကောင်မလေးက အပြင်ဘက်သို့ ငေးပြီး ပြောလိုက်သဖြင့် ဘီလီယံရော စည်သူပါ လှည့်ကြည့်မိကြသည်။ ပျောက်ကွယ်သွားသော နေမင်းရာဇာ၏ ဒဏ်ပေးမှုကြောင့် ပူကျစ်စိုရဲခဲ့သော မြေကြီးမှာ ခေါခေါ ဆိုင်းဘုတ်အောက်မှ ဆက်တိုက် လျှောကျလာသော မိုးသီးမိုးပြောက်များနှင့်  အချိန်ခဏအတွင်း စိုစွတ်သွားသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now