အခန်း-၄၁

1.3K 135 49
                                    

မော်လမြိုင် သီရိမြိုင်ဈေးမှ ပြန်ရောက်လာသော အဖွဲ့မှာ ခြံဝန်းကျယ်သော အပန်းဖြေအိမ်ရာ၌ပင် ရပ်ကွက်မခံနိုင်အောင် ဆူညံနေတော့သည်။

မိန်းကလေးများက နှစ်ကုတင်ရှိသော အခန်းထဲ၌ သုံးယောက်ထိုင်ကာ စကားပြောနေစဉ် ခီရာဦးနှင့် ပြည်ခမ်းစိုင်က UNO ဆော့ဖို့ ပြင်သည်။ ထိုချိန် ဝေလက ဆိုင်မှဝယ်လာသော မုန့်ထုပ်များကို ပန်းကန်အကြီးကြီးနှင့် ထည့်ပြီး တစ်ဖွဲ့လုံး စားသောက်နိုင်ရန် ပြင်ဆင်၏။ ညဝတ်လဲပြီးသော ဒန်းမွေကတော့ လင်းခပျောက်၍ လိုက်ရှာရာမှ ဝရံတာက တိုင်လုံးတွင် ကျောမှီ၍ အဝေးသို့ ခပ်ဆဆ ငေးကြည့်နေသူကို တွေ့လိုက်ရ၏။

"ဟိတ်"

လင်းခ၏ ပုခုံးကို ဖွဖွ ပုတ်ခေါ်လိုက်တော့ အိပ်မက်မှ လန့်နိုးလာသူလို ဆတ်ခနဲ ခေါင်းလှည့်ကြည့်သည်။

"ကိုဒန်းမွေ.. အဲ့လို အသံမပေးဘဲ ရမ်းရမ်းပြီး မလုပ်ပါနဲ့ဆို"

"ဟိတ်ဆို အသံပေးလိုက်တယ်လေ"

"လက်က အရင်ရောက်လာပြီးတော့"

"အသံအရင်လာတာပါ.. အယ်.. မဟုတ်ဘူး မင်းပြောတာ ဟုတ်တယ် လက်အရင်ရောက်တာ"

လေသံပျော့ပျော့လေးနှင့် အထွန့်တက်မိသော ဒန်းမွေမှာ လင်းခ၏ ခပ်ရဲရဲ အကြည့်ကြောင့် စကားလမ်းကြောင်းလွှဲပစ်လိုက်ရ၏။

"ကိုဒန်းမွေ ဘာပြောမလို့လဲ"

"ဘာမှမပြောပါဘူး.. Uno ဆော့ဖို့"

"ကျွန်တော် မဆော့ချင်ဘူး"

သောင်လင်းခကြွယ်ကို မော်လမြိုင်ခရီးမှာ ပါလာဖို့တောင် မနည်းပြောဆိုခဲ့ရသည်မို့ uno ဆော့ဖို့ ခေါ်ရန် ခက်ခဲမည်ဆိုတာလည်း နားလည်လိုက်ပါသည်။ သို့ပေမဲ့ ဒီအထိ ပါလာပြီးမှတော့ အကုန်လုံးနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေစေချင်သည်။

"ဘာဖြစ်လို့လဲ... မင်းစိတ်အဆင်မပြေတာ တစ်ခုခုများရှိလို့လား သူငယ်ချင်းတွေအားလုံးက ဆော့ပြီး မင်းက မဆော့ရင် သူတို့ စိတ်မကောင်းဖြစ်ကြမှာပေါ့"

"မဟုတ်ဘူး.. ကျွန်တော်"

ဖြေရခက်ဟန် မျက်နှာငုံ့သွားသဖြင့်  စိတ်ရှည်လက်ရှည် စောင့်ပေးတော့မှ ကြမ်းပြင်ကို ငေးကြည့်နေလျက် ခပ်တိုးတိုးပြောလာသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now