အခန်း-၃၁

1.9K 154 21
                                    

ဘီလီယံ ထိုင်နေသည့် ရှမ်းကောဆိုင်က ဂျပန်ရိုးရာဆိုင်လေးလို တစ်သီးတစ်သန့်နှင့် private room များထဲ ဝင်စားရခြင်း ဖြစ်သည်။

ဘာဘယ်တီးတစ်ငုံသောက်လိုက်၊ ရှမ်းကော တစ်ဇွန်းစားလိုက်နှင့် ဘီလီယံ ဇိမ်ကျနေတုန်း သူ့အခန်းမှ ဘာဂျာတံခါးက ပွင့်လာ၏။

"ဟင်.. ကိုစည်"

ဘီလီယံ့ကို ကြည့်လိုက်သည့် ကိုစည့် မျက်လုံးများမှာ အံ့သြဝမ်းသာမှုတွေက ဒုနှင့်ဒေး ဖြစ်သော်လည်း ချက်ချင်းပင် အမူအယာပြောင်းလိုက်ကာ ခပ်တည်တည် ပြုံး၍ ဘီလီယံ့ဘေး လာထိုင်သည်။

"ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ"

"ပြည်ခမ်းစိုင်က မင်း အိမ်ပေါ်က ဆင်းသွားတယ်ပြောတာနဲ့ ဒီကိုပဲ လာမယ်ထင်လို့"

"ဟောဗျာ.. အခန်းကရော ဘယ်လိုသိ"

စည်သူက ပြန်မဖြေဘဲ ပြုံးတုံ့တုံ့ လုပ်ကာ ဘီလီယံ့ အံ့သြခြင်းကိုသာ ရှုစားနေလိုက်၏။ ဘီလီယံ့စိတ်ထဲ သူတို့နှစ်ယောက် စိတ်ချင်းဆက်၍ ရှာတွေ့သွားသည်ဟု ထင်နိုင်သော်လည်း စည်သူမှာတော့ ဘီလီယံ့ကို မတွေ့မချင်း တစ်ခန်းဝင်တစ်ခန်းထွက် အားမနာတမ်း လိုက်ရှာနေခဲ့ရခြင်းပင်။

"ဘာမှာထားလဲ"

"ငါးသံပုရာပေါင်းနဲ့ လက်ဖက်ရည်မှာထားတယ်"

"ထမင်းတစ်လုံးရော ထပ်မှာလိုက်မယ်.. ရှမ်းကောက ပွဲကြီးမှာလိုက်တာ တစ်ယောက်တည်း မကုန်တော့ဘူး ကိုစည်ရဲ့"

"လူကြီးတွေကို စိတ်ပူအောင် လုပ်ပြီး ဒီမှာ သာယာနေတယ်ပေါ့"

"ကိုစည်ကလည်း"

စည်သူက မျက်စောင်းထိုး ကြည့်လိုက်တော့ ဘီလီယံ မနေနိုင်။

"အဲ့လိုမကြည့်နဲ့နော်"

"ကြည့်တော့ ဘာဖြစ်"

"ဖက်နမ်းပစ်မှာပေါ့"

ခေါင်းငုံ့ပြီး ရယ်မောလိုက်သည့် စည်သူ့ပါးပြင်တွင် နှင်းဆီပန်းများ ဖူးပွင့်ကုန်၏။

ဘီလီယံက သူ့လက်ထဲက တူကို ပစ်ချပြီး စည်သူ့ လည်တိုင်တွင် လက်နှစ်ဖက်တင်ကာ သူ့ဘက် ဆွဲယူလိုက်သည်။ ထို့နောက် စည်သူ့ပေါ်သို့ တစ်ကိုယ်လုံးကို ပစ်မှီလိုက်ပြီး ရင်ဘတ်တွင် သူ့ဦးခေါင်းကို တင်ကာ တိုးဝှေ့လာ၏။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now