အခန်း-၂၇

1.7K 140 40
                                    

"ရော့.."

ရုပ်ရှင်စပြီး ငါးမိနစ်ကြာသောအခါ စည်သူ့လက်ထဲသို့ လက်တစ်ဆုပ်စာကော်ဗူးသေးသေးလေးတစ်ဘူးကို ဘီလီယံ ကမ်းပေးလာသည်။ အကြည်ရောင်ဖြစ်၍ အထဲက နေကြာစေ့လုံးလေးများကို မြင်နေရသည်။

"ဘာလဲ"

"နေကြာစေ့လေ.. ကိုစည့်အတွက် အိမ်ကခွာလာတာ"

ဘူးက ​ဒေါက်လေးနှစ်ဖက်ကို ခွာကြည့်တော့ ပြည့်လျှံနေသည့် နေကြာစေ့လုံးတွေက ကြပ်ကြပ်သိပ်သိပ်ကိုမှ အတင်းထိုးထည့်ထားသည့်ပုံ။ ဒီတစ်ဗူးရဖို့ ဘယ်လောက်ကြာအောင် ခွာရမလဲ စည်သူ ခန့်မှန်းမိသည်။

"ဘာလို့ ခွာလာတာလဲ နေကြာစေ့မစားတတ်ပါဘူးဆို"

ကရုဏာဒေါသောနှင့် စည်သူ့လေသံက အပြစ်တင်သလို ဖြစ်သွားသည်။

"အရင်တစ်ခေါက်ကစားတာပဲလေ"

"အဲ့ဒါ.."

စက္ကန့်ပိုင်းလောက်ကြာမှ ခပ်တိုးတိုး ဖြေသည်။

"အဲ့ဒါက မင်းကျွေးလို့"

ပြုံးတော့မည့် နှုတ်ခမ်းကို ဆွဲဆန့်ထားသည့် ဘီလီယံ့မျက်နှာက ရယ်ချင်ပက်ကျိနှင့် စိတ်ပြေသွားမှန်း သိသာ၏။

"ခုလည်း ကျွန်တော် ကျွေးတာပဲကို"

"ကျေးဇူးပဲနော်.. စေတနာကို အသိအမှတ်ပြုတယ်.. နောက်တစ်ခါမခွာခဲ့နဲ့.. ပင်ပန်းမှာစိုးလို့"

ဘီလီယံ့နည်းတူ စည်သူကလည်း ခပ်ပျော့ပျော့လေးပြောလာသည်။ ဘာမဟုတ်တာလေးနှင့် ရန်ဖြစ်ပြီး ဘာမဟုတ်တာလေးနှင့် ပြေလည်တတ်တာ စည်သူတို့အတွဲ၏ ဓမ္မတာလို ဖြစ်နေပါသည်။

ဘီလီယံတို့က အတွဲခုံမှာ ထိုင်နေပေမဲ့ တခြားအတွဲတွေလို နမ်းရှုပ်ပွေ့ဖက်နေတာမဟုတ်သလို ပုခုံးလေးတောင် ဖက်ထားခြင်း မရှိပေ။ နှစ်ယောက်နား နီးကပ်နေတာမို့ ပုခုံးစွန်းချင်း ဖိကပ်ထားမိတာပဲ ရှိသည်။ ခုလည်း ပေါင်ပေါ်တင်ထားသည့် ကိုစည့်လက်ကို ထွေးပွေ့ချင်စိတ်နှင့် ဘီလီယံ အရှိန်ယူနေသည်။

"စိတ်ပူနေတာလား.."

အံ့သြဖို့ကောင်းတာက ရုပ်ရှင်ရုံထဲ ရောက်နေပေမဲ့ ရုပ်ရှင်မကြည့်ချင်ဘဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး စကားသာပြောနေချင်သည်။ တစ်ယောက်၏ အာရုံစူးစိုက်မှုကလည်း ကျန်တစ်ယောက်ဆီမှာပဲ အပြည့်အဝ ရှိနေလေသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now