အခန်း-၁၀

1.7K 161 4
                                    

ညနေပိုင်းရောက်တော့ လူကြီးများနှင့် ဆရာ၊ ဆရာမများက ပြန်သွားကြပြီး ကျောင်းသားများသာ ကျန်ရစ်ခဲ့သည်။ ပြည်ခမ်းစိုင်တို့က စီနီယာ ဖြစ်သော်လည်း ပိုးမသေဘဲ ခုလို ဖရက်ရှာဝဲကမ်းတိုင်းမှာ ကွေးနေအောင် ကဲကြစမြဲ ဖြစ်သည်။ စည်သူကတော့ စကွက်ထဲက အဖိုးကြီးပေါက်စဟု ခေါ်ရလောက်အောင် ငြိမ်သက်တိတ်ဆိတ်နေသည်။

မကြာခင် စီနီယာများ၏ အကူအညီနှင့် ဆောင်းဘောက်မှ ဒစ်စကိုမြူးဇစ်များ ပျံ့လွင့်လာပြီး ခန်းမတစ်ခုလုံးက လူငယ်ဆန်ဆန် နိုက်ပါတီအဖြစ် အသွင်ပြောင်းသွားတော့သည်။ အစောပိုင်းက ဖြူဝင်းကာ လင်းနေခဲ့သည့် မီးရောင်များကိုလည်း ညနေဆည်းဆာနှင့်အပြိုင် မှိန်ဖျော့ဖျော့အရောင်လျော့လိုက်ကာ ကလပ်မီးလုံးများသဖွယ် မှိတ်လိုက်ဖွင့်လိုက်နှင့် လင်းချည် မှောင်ချည် ဖြစ်သွားစေသည်။

ပူပူနွေးနွေးကင်းရထားသည့် ခန်နိုင်းမံဆိုလျှင် ယခု ပါတီအတွက် နောက်ထပ်အဝတ်တစ်စုံကိုပါ သွားလဲလိုက်သေးသည်။

"ကဲကဲ ခုသီချင်းတောင်းဆိုထားတာကတော့.. ပထမနှစ် အီးမေဂျာက စော်ကြည်ဘဲလေး ဘီလီယံပြည့်လျှံ ဖြစ်ပါတယ်ဗျား"

စင်ပေါ်တက်ကာ သောင်းကျန်းနေသည့် အဖွဲ့ထဲမှ ဘယ်သူပြောလိုက်သည်မသိဘဲ ထွက်လာသော အသံအောအောကြီးကြောင့် ဆရာတစ်ယောက် ထိုင်ခဲ့သည့် ခုံမှာ အေးဆေး ထိုင်နေသည့် စည်သူက မော့ကြည့်မိသည်။
ဘီလီယံသည် ရောထွေးနေသည့် ကလေးများကြားမှ ယိုင်တိယိုင်ထိုး ထွက်လာပြီးနောက် သူ့ လက်များကို ဝှေ့ယမ်းရင်း လူအုပ်ထဲသို့ မျက်စိတစ်ဖက် မှိတ်ပြလေသည်။

ဗန်းကိုင်ကျောင်းသားတစ်ယောက်က လာပေးသည့် ဗော့ကာဂျယ်လီခွက်ကို ယူရင်း ဒီကောင်တွေ စိတ်ရှိတိုင်း သောင်းကျန်းနေတာပဲဟု အချဉ်ပေါက်စွာ တွေးလိုက်မိသည်။

"My love is you... My love is you"

ဆိုင်းဘောက်မှ လျှံထွက်လာသော သီချင်းကို ဘီလီယံက အော်ဟစ်လိုက်ဆိုသည်။ ပုံစံကြည့်ရတာ တော်တော် မူးနေပြီထင်။ ပြည်ခမ်းစိုင်ကလည်း အကြီးဖြစ်ပြီး လိုက်ထိန်းမည် မရှိပေ။ ဘယ်လိုကောင်တွေလဲ။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now