အခန်း-၄၃

1.4K 133 32
                                    

စက်စဲကမ်းခြေမှ ငွေရောင်လှိုင်းလုံးများက သူ့မျက်စိထဲ ဖွေးလှုပ်တောက်ပ၍နေသည်။ ကမ်းစပ်နား ခြေဆင်းထိုင်ပြီး ခြေထောက်ကို သဲမြေထဲ မြှုပ်ထားရာက တစ်ချက်တစ်ချက် ပုတ်ခတ်လာသော လှိုင်းလုံးများမှာ ရေမကူးတတ်သူအား ပင်လယ်ပြင်ကြီးထဲ ဆွဲခေါ်နေသလို။

မော်လမြိုင်၏ နောက်ဆုံးခရီးစဉ်ကို သံဖြူဇရပ်က စက်စဲကမ်းခြေ၌ ကုန်ဆုံးကြမည်ဟူသော အားလုံး၏ ဆုံးဖြတ်ချက်အရ မနက်ကတည်းက ကမ်းခြေရောက်လာခြင်း ဖြစ်သည်။
ခပ်နွေးနွေးဖြာကျလာတဲ့ နေရောင်ကို မျက်နှာမူထားရင်း စာအုပ်ထဲအမြဲခေါင်းစိုက်ခဲ့ရသည့် အချုပ်အနှောင်မှ ခဏတာလွတ်မြောက်ခွင့်ရခြင်းကို သဘောတကျ ခံစားမိစဉ်..

"အမေ့"

ခြေသလုံးကို လာဆွဲသည့် လက်တစ်ဖက်ကြောင့် ဓာတ်လိုက်သလို တွန့်ခါသွားရင်း အော်လိုက်မိသည်။ ထိုလက်က အသားကိုဖိကိုင်ရုံတင်မကဘဲ ပင်လယ်ထဲထိ ဆွဲချသွားတာမို့ ရေမကူးတတ်သော လင်းခမှာ ကျန်ခြေထောက်တစ်ဖက်နှင့် အတင်းဖယ်ချပြီး ထွန့်ထွန့်လူးနေရတော့၏။

"ကိုဒန်းမွေ မလုပ်နဲ့လို့"

ငုံ့မကြည့်ခင်ကတည်းက ကိုဒန်းမွေမှန်း ကြိုသိနေသည်အထိ လင်းခကို စနောက်ရဲသူမှာ ဘီလီယံပြီးလျှင် ဒန်းမွေသာရှိသည်။ အော်ထုတ်လိုက်မှ ပြောင်စပ်စပ်နှင့် ရေပြင်ပေါ် ဘွားခနဲ တက်လာပြီး သဲမြေဘက် ထပြန်သွားသော လင်းခကို လိုက်ချော့တော့သည်။

"စတာပါ လင်းခရဲ့"

"ကျွန်တော့်ကို အဲ့လိုမစပါနဲ့ပြောထားရက်သားနဲ့.. ရေမကူးတတ်လို့ ရင်တုန်တယ်ဗျ"

"ဟောဗျာ.. ခင်ဗျားလေးက ရေကူးချန်ပီယံဖြစ်တဲ့ ကျွန်တော်မျိုးကို မယုံတာလား.."

ကိုဒန်းမွေက အပေါ်ပိုင်းဗလာနှင့် ဘောင်းဘီတိုဝတ်ထားပြီး ကုန်းရုန်းထကာ လင်းခနောက် လိုက်ခဲ့ရတာမို့ ဖြူဖွေးသော ခန္ဓာကိုယ်၌ သဲမြေများ ပေရေနေသည်။ ရုပ်မာပေမဲ့ ပျော့တိပျော့ဖတ်လို ဖြစ်နေသော လင်းခက သူ့လိုအားကစားတစ်ယောက်၏ အချိုးအဆစ်မျိုးကို လိုချင်မိ၏။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now