အခန်း-၆

1.9K 168 16
                                    

ပြည်ခမ်းစိုင်သည် သူ့ ပခုံးထက်မှ လွယ်အိတ်ကိုပင် ဖြောင့်ဖြောင့် မလွယ်နိုင်ဘဲ အမောတကြီး ပြေးလွှားနေသည်။ ဟောခန်းမမှ ထွက်လာကတည်းက ခလုတ်တိုက်မတိုက် ပြာယာခတ်နေသော သူ့ ခြေလှမ်းများဟာ မြေနံ့သာဆောင်မှ အခန်းနံပါတ်-၄၅ သို့ ချိုးကွေးဝင်သွား၏။ အတွင်းခန်းသို့ မရောက်ခင်မှာပင် ရှိုက်ညည်းသံ အချို့ကို ကြားလိုက်ရသည်။ သောင်လင်းခကြွယ်၊ ခီရာနှင့် နိုင်းမံက တစ်ဘက်ကုတင်နှစ်လုံးမှာ ထိုင်နေပြီး ဝေလကတော့ ဘီလီယံ့ဘေး၌ ကပ်လျက်ပင်။

"လေးပြည့်"

ပြည်ခမ်းစိုင် စိုးရိမ်စိတ်ကြီးစွာ ခေါ်လိုက်မိသည်။ ဘီလီယံသည် သူ့ ကုတင်မှာ ထိုင်လျက်ကပင် ခေါင်းအုံးတစ်လုံးပေါ် မျက်နှာမှောက်လျက် ရှိုက်ကြီးတငင် ငိုကြွေးနေခြင်း ဖြစ်သည်။ ပြည်ခမ်းစိုင်မှာ ခြေမကိုင်မိ လက်မကိုင်မိနှင့် ဘီလီယံ့ကို အားပေးနေသည့် ဝေလဘေးထိုင်ကာ ငုံ့၍ ငိုနေသော ကျောပြင်ကို ဆွဲယူပွေ့လိုက်ရသည်။

"လေးပြည့် သားဘာလို့ငိုနေတာလဲ ဘာဖြစ်တာလဲ ဟင်"

သူ့ လက်မောင်းထဲ ပါလာသော ဘီလီယံ့မျက်နှာက နီရဲမို့ဖောင်းနေသည်။ ဘီလီယံက ဘာမှမပြောဘဲ ပြည်ခမ်းစိုင်၏ ပုခုံးပေါ် ခေါင်းမှောက်ကာ ထပ်ရှိုက်နေပြန်သည်။

"ကိုကြီးစည်သူက ပြည့်ပြည့် ငိုအောင် ဆူသွားတာ"

ဝေလက ဆီးတိုင်သည်။

"ဟင် စည်သူက လေးပြည့်ကို ဘာလို့ဆူတာလဲ"

"ဒီလိုဗျာ.."

ခန်နိုင်းမံက ဒန်းမွေ၏ ကုတင်မှ ထလာပြီး ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။ ဇာတ်ကြောင်းလည်သွားသည့် ပြည်ခမ်းစိုင်က သက်မတစ်ချက် ချလိုက်လေ၏။

"စည်သူနဲ့တော့ ခက်တယ်.. ဒီကောင်က ဟောက်စားသိပ်လုပ်တတ်တာ.. "

"ကိုစည်ကလေ ကျွန်တော့်ကြောင့် ဖြစ်တာလည်းမဟုတ်ဘဲနဲ့ ကျွန်တော်က ဆိုးတယ်လို့ ပါချုပ်ကို တိုင်ပြောတယ်.. အဆောင်ရောက်တော့လည်း တရစပ်ကို ဆူဆဲနေတာပဲ"

ရှိုက်သံများကြားမှ ရောထွေးထွက်လာသော တိုင်တောသံမှာ ခပ်တိုးတိုးလေး ဖြစ်သည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now