အခန်း-၄၇

1.6K 154 42
                                    

အိပ်မှုံစုံမွှားခံစားချက်၌ နှာခေါင်းထဲက ယားကျိကျိအရသာ၊ ပါးပြင်ပေါ်က စိုရဲရဲအထိအတွေ့နှင့် စိတ်နောက်ကျလေးပင်စွာ စည်သူ နိုးလာခဲ့သည်။ အသိဝင်ဝင်ချင်း ကျယ်လောင်စွာ ကြားနေရသည့် ဘီလီယံ့ဟောက်သံကလည်း frequency မနည်းလှပေ။

မျက်လုံးဖွင့်လိုက်တော့ မြင်ကွင်းအပြည့်နေရာယူထားတာက ခွေးတစ်ကောင် ဖြစ်သည်။

"အမေ့.."

တိရစ္ဆာန်တစ်ကောင်နဲ့ ဒီလောက်ထိ နီးနီးကပ်ကပ်မနေဖူးတာမို့ လန့်ဖျပ်ပြီးထအော်လိုက်မိတာ ကိုယ့်နားကိုယ် ကွဲမတတ် ဖြစ်သွားသည်။ လက်ကလည်း အလိုအလျောက် တွန်းချလိုက်မိတာမို့ သင်းလေးက ကုတင်အောက်ပြုတ်ကျပြီး ချက်ချင်းပြန်ပြေးတက်လာ၏။ ဒီတစ်ခါတော့ သူ့ပေါ် ရောက်မလာဘဲ ဘေးက အိပ်နေသည့် ဘီလီယံ့ပေါ်တက်ခွကာ မျက်နှာကို လျှာတွေနှင့် ယက်သည်။

ဆံပင်မွေးထိုးထိုးထောင်ထောင်နဲ့ စည်သူက မီလီယံ ယက်နေသည့် ဘီလီယံ့မျက်နှာကိုကြည့်ရင်း မျက်ခုံးကြီး တွန့်လာသည်။ မီလီယံ့သားရည်တွေက သူ ခဏခဏနမ်းဖူးသည့် ဘီလီယံ့ပါးပြင်မှာ..ထို့နောက် ရည်းစားမဖြစ်ခင်က သူတွေ့ဖူးသည့်မီလီယံ့နှာခေါင်းကို ပါးစပ်ထဲ ထည့်ငုံသော ဘီလီယံ့ အပြုအမူ။ စည်သူ ဆက်မတွေးနိုင်တော့ဘဲ ရင်ခေါင်းထဲက ပျို့တက်လာသည်။

"ဘီလီယံ.. မင်း ထစမ်းကွာ"

ဆက်မကြည့်နိုင်ဘဲ ပုခုံးကိုအတင်းပုတ်နှိုးတော့ မီလီယံက သူ့လက်ကိုပါ လာယက်သည်။ ဒီ သောက်ခွေး။

"ဟင် အင်း"

ဘီလီယံက နိုးနိုးချင်း သူ့ကို ဂရုမစိုက်။ ရင်ဘတ်ပေါ်က ဇမ်းခတ်နေသည့် မီလီယံပြည့်လျှံကို ရင်ခွင်ထဲ ဆွဲချပြီး လုံးထွေးဖက်သည်။ သူ့မျက်နှာကို ပင့်ယက်တော့ တဟားဟားအော်ရယ်နေသေး၏။ စည်သူ သတိထားမိသလောက် ဘီလီယံ အိမ်ပြန်ရောက်တိုင်း ဒီခွေးနှင့်ပဲ အတူအိပ်တာ ဖြစ်သည်။ မနေ့ညက အိမ်ပြန်နောက်ကျတော့ သူငယ်ချင်းအိမ်မှာ အိပ်မည်ထင်ပြီး အိမ်ကလူတစ်ယောက်ယောက်ဆီမှာ ခေါ်သိပ်ထားသဖြင့် ညက ဒီခွေးကို မတွေ့ရတာ ဖြစ်လိမ့်မည်။ သူတို့နှစ်ယောက် ပူးကပ်လို့ဝမှ စည်သူ့ကို သတိရဟန် မော့ကြည့်လာပြီး ကြည်စင်စွာ ပြုံးပြသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now