အခန်း-၅

1.9K 178 9
                                    

ဘီလီယံ စိတ်ချခဲ့မိသည့် ခန်နိုင်းမံ၏ အရှုပ်တော်ပုံမှာ သူတို့ ထင်သလောက်နှင့် မပြီးခဲ့ပါချေ။ ခန်နိုင်းမံက နီလာခိုင်ခံ့ကို ဖြတ်လိုက်သော်လည်း သူမတို့၏ ပြတ်စဲမှုမှာ ကျော်လင်းမောင်ကြောင့်ဟု ယူဆခဲ့သော နီလာခိုင်ခံ့သည် ကျော်လင်းမောင်အား နှစ်ပြားမတန်အောင် ပြောဆိုပစ်လျက် သေခန်းဖြတ်ခဲ့လေသည်။ ထိုမှ နောက်ဆက်တွဲကတော့ ပရိသတ်ထင်သည့်အတိုင်း ကျော်လင်းမောင်၏ ကုလားမနိုင် ရခိုင်မဲသော ရမ်းကားမှုကြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထိုပြဿနာကြောင့်ပင် ဘီလီယံတို့အဖွဲ့မှာ ရှားလော့တက္ကသိုလ်၌ အုံးအုံးကျွတ်ကျွတ် နာမည်ကြီးသွားခဲ့ပြီး သူတို့နှင့် ရိုးဝမ်း၏ ဆက်ဆံရေးမှာလည်း ပိုမို ရောထွေးနီးကပ်သွားပါတော့သည်။

ရှားလော့တက္ကသိုလ်၏ အကြီးမားဆုံး ကန်တင်းဖြစ်သည့် မိုးစိန်လက်ဖက်ရည်ဆိုင်တွင် ဘီလီယံတို့အဖွဲ့ မုန့်ထိုင်စားနေရာမှ ခန်နိုင်းမံတစ်ယောက် ရေမော့အသောက်တွင် ရေဘူးနှင့် နှုတ်ခမ်းအကြား၌ ဖျတ်ခနဲ ရိုက်ပုတ်ခြင်းခံလိုက်ရသည်။ ရေစက်ရေပြောက်များက ခန်နိုင်းမံ၏ မျက်နှာချောချောပေါ် စင်ပက်သွားသလို ရေဘူးမှာလည်း မြေကြီးပေါ် ပြုတ်ကျသွားလေသည်။ ခန်နိုင်းမံ ဒေါသတကြီး မော့ကြည့်လိုက်သော တရားခံမှာ ကျော်လင်းမောင် ဦးဆောင်သော လူဆိုးများအဖွဲ့ ဖြစ်နေ၏။

"မင်း ဘာစောက်ချိုးချိုးတာလဲ"

ခန်နိုင်းမံက မတ်တပ်ထရပ်ပြီး မြန်မာကားထဲက လူကြမ်းများစတိုင်နှင့် ရင်ကိုမောက်၍ ခါးကိုကော့ထားသော ကျော်လင်းမောင်ရှေ့ ရင်ဆိုင်လိုက်သည်။ ကျော်လင်းမောင်က မခိုးမခန့်ရယ်လျက် လူမကြားကြားအောင် အော်ဟစ်ပြော၏။

"သူများစော်ကို ကြောင်တောင်နှိုက်ပြီး ဒီလိုသာယာနေလို့ရမလား"

"မင်း ဘာစောက်စကားပြောတာလဲ"

"မင်း စောက်ခွက်ကို ဗန်းပြပြီး သူများစော်ကို စနိုက်ကြော်တဲ့အကြောင်းပြောနေတာ"

ခန်နိုင်းမံကလည်း ဇမသေးပေ။ ရယ်မြူးရိပ်သန်းသော မျက်လုံးများနှင့် ကျော်လင်းမောင်ကို လက်ညိုးထိုးကာ လှောင်ရယ်ရယ်ပစ်လိုက်သည်။
"ငါက မင်းဆီက.. ဟားဟားဟား ကျော်လင်းမောင်ရာ ငါက မင်းလိုကောင်ဆီက ဟုတ်လား မင်းသိပ်ရယ်ရတာပဲကွာ"

ရှားလော့မှ နဂ္ဂတစ်များΌπου ζουν οι ιστορίες. Ανακάλυψε τώρα