အခန်း-၈

1.7K 161 3
                                    

"လင်းရယ်... လင်းရဲ့"

ဘီလီယံက သောင်လင်းခကြွယ်၏ ကုတင်ပေါ် လူးလိမ့်ကာ ငိုချင်းချနေသည်။ လင်းခက စာအုပ်ထဲကိုသာ ခေါင်းနှစ်ထားပြီး သူ့ကို အာရုံမစိုက်ပေ။

"ငါတို့မှာလည်း ရှိတာပဲကွာ.. မင်းဟာကိုမှ ထူးပြီး လှောင်မနေပါဘူး.. "

လင်းခက ဒီတစ်ကြိမ်တော့ သည်းမခံနိုင်ဘဲ သူ လက်လှမ်းရာ ခေါင်းအုံးတစ်လုံးကို လှမ်းဆွဲကာ ဘီလီယံ့ မျက်နှာပေါ်သို့ ပစ်ပေါက်လိုက်လေသည်။

"မင်းက မလှောင်ပေမဲ့ ဟိုအစ်ကိုက လှောင်တယ်ကွ.. ငါ့ကိုတွေ့တိုင်း ပြုံးစိစိနဲ့"

ထိုစကားပြောနေချိန်မှာပင် လင်းခ၏ မျက်နှာက နီရဲနေပြီ ဖြစ်သည်။

"မင်းထင်လို့ပါကွာ... ကိုကြီး ဒန်းမွေက အဲ့အတိုင်းပဲရယ်.. မင်းကသာ ရှက်နေ.. ပုဆိုးကျွတ်ခဲ့တာကို သူသတိရချင်မှရတော့မှာ"

"မသိဘူးကွာ ငါ့လာမခေါ်နဲ့"

ဘီလီယံက ကုတင်ပေါ်က ဆင်းပြီး စာထိုင်လုပ်နေသော သောင်လင်းခကြွယ်၏ ပုခုံးနှစ်ဖက်ကို ဖွဖွဆုပ်ကိုင်လိုက်သည်။ ထို့နောက် ညင်သာပျော့ပျောင်းသော လေသံဖြင့်..

"မုန့်စားရအောင်ပါကွာ နော်.. ငါတောင်းပန်ပါတယ်လို့"

လင်းက မလှုပ်မယှက်ရှိဆဲပင်။ ဘီလီယံက သူ့လက်မောင်းကြီးများနှင့် လင်းကို အတင်း ချုပ်ဖက်ထားပြီး ယမ်းခါလိုက်သည်။

"အား လခွမ်းလိုတွေ လုပ်မနေနဲ့ကွာ ဖယ်စမ်း"

"စိတ်မဆိုးပါနဲ့ လင်းရာ.. ငါ နောက်မစတော့ပါဘူးလို့"

ဘီလီယံ၏ ထိုစကားကို ယုံကြည်သူမှာ ဦးနှောက်မရှိသူပဲ ဖြစ်လိမ့်မည်။ ဘီလီယံပြည့်လျှံ ဘဝမှာ သူတစ်ပါးကို မစမနောက်တော့ပြီ ဆိုတာမျိုးမရှိပေ။
ထိုစဉ် အခန်းဝမှ အသံ ချိုးချိုးချက်ချက် ကြားလိုက်ရသဖြင့် လင်းကို ချုပ်ဖက်ထားရာမှ ဘီလီယံ လှည့်ကြည့်လိုက်သည်။

တံခါးဝမှာ ကိုစည် ရှိနေသည်။ ဘီလီယံသည် လက်ခနဲ တစ်ချက် ပြုံးလိုက်ပြီး အဆောတလျှင် ထွက်ခွာသွားသော ကိုစည့်နောက်သို့ ပြေးလိုက်ခဲ့၏။

ရှားလော့မှ နဂ္ဂတစ်များOpowieści tętniące życiem. Odkryj je teraz