အခန်း-၅၅

1.5K 155 47
                                    

"အေးပေါ့လေ.. တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်တော့ ဒီလိုနေ့က ရောက်လာမှာပါပဲ.. စောတာနဲ့နောက်ကျတာပဲရှိမှာ.. စောစောရင်ဆိုင်လိုက်ရတော့ သားတို့နောက်ပိုင်း စိတ်အေးလက်အေးနေရတာပေါ့ "

ဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း အတွေးများနေသော စည်သူ့ကို မေမေက အားပေးသည်။

"ကျွန်တော်က ဘီလီယံ့ကိုပဲစိတ်ပူတာ မေမေ.. ကျွန်တော့်ကို ဖုန်းဆက်တုန်းက သူ တော်တော်လန့်နေပုံပဲ.. သူတို့အိမ်က လက်ခံပြီးလိုက်လျောမယ်လို့ပဲ သူ ထင်ထားရှာတာ.. ကျွန်တော်ခုချက်ချင်းကို သူဆီပြေးသွားလိုက်ချင်တယ်.."

"နေအုံး.. သားမလောနဲ့အုံး.. အန်တီတို့က သားကို မနက်ဖြန်လာခဲ့လို့ပြောထားတယ်မလား.. သားမနက်ဖြန်မှပဲ သွားလိုက်.. မေမေလည်းလိုက်ခဲ့မယ်"

"ဟာ မေမေမလိုက်ပါနဲ့.. မေမေ့ကို ကျွန်တော် ဒီလောက်ထိပဲ ဒုက္ခပေးပါရစေ"

"ဒုက္ခပေးတာမှမဟုတ်တာ.. မေမေက မေမေ့သားကိုမယုံကြည်လို့၊ စိတ်မချလို့လိုက်မှာမဟုတ်ဘူးနော်.. တချို့ကိစ္စတွေက လူကြီးချင်း မာနတွေ လျှော့ပြီး ပြောမှ သဘောပေါက်နားလည်လွယ်မဲ့ဟာတွေရှိတယ်..  မေမေက သားကို ခင်မုဏ်းနဲ့ထိပ်တိုက်မရင်ဆိုင်စေချင်ဘူး.. သားကိုယ်သား ခံပြင်းနေမဲ့အဖြစ်မျိုးကို မေမေက အရောက်မခံနိုင်တာ.. ခု သားနဲ့ ဘီလီယံတို့ကိစ္စမှာ အသက်အရွယ်အရရော ဆက်ဆံရေးတွေအရပါ မေမေတို့ဘက်က လျှော့မှရမဲ့ အခြေအနေမျိုး ဖြစ်နေတယ်.. အဲ့ဒီဝန်ကို မာနကြီးတဲ့မေမေ့သားကို မထမ်းစေချင်ဘူး.. မေမေပြောတာ နားလည်ရဲ့လား.. သားလုပ်နိုင်မှာကို မေမေယုံတယ်.. ဒါပေမဲ့ မေမေက မိခင်မေတ္တာနဲ့ သားကို မလုပ်စေချင်တာ.. နောက်ပြီး မေမေလိုက်သွားတော့ မေမေတို့ဘက်က သားနဲ့ဘီလီယံရဲ့ဆက်ဆံရေးကို အသိအမှတ်ပြုတယ် ဘီလီယံ့ကို အလေးအနက်ရှိတယ်ဆိုတာလည်း ထင်ရှားသွားတာပေါ့"

မေမေက အဲဒီလိုမိန်းမပင်။ သူဖြစ်ချင်သည့်ကိစ္စကို အချော့နည်းနှင့် ချည်ပြီးတုပ်ပြီးပြောတတ်သည်။ ဒါကြောင့်လည်း စည်သူ့ကိုချုပ်ကိုင်နိုင်သည့် စည်သူ့မေမေ ဖြစ်နေတာပေါ့။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now