မုဆိုးကြီးပြန်လာပြီ

10.7K 1.4K 31
                                    

အပိုင်း (၆၆) မုဆိုးကြီးပြန်လာပြီ သူ့အိမ်ကကောလေးတွေကပျော်နေတယ်တဲ့

ယန်စန်းဟွားမှ မည်သည့်တုန့်ပြန်စကားမှပြောမလာသေည် တရားသူကြီးဝမ်လီသည် ဝန်ခံသည်ဟုမှတ်ယူခဲ့သည်။

"မင်းမှာ ငြင်းဖို့စကားတောင်မရှိတော့ဘူးမလား! မိန်းမယုတ်! မင်းကများ ဧကရာဇ်ကပြင်းထန်စွာတားမြစ်ထားတဲ့ ဥပဒေကိုဖောက်ရဲတယ်!! လာကျစမ်း! ယန်စန်းဟွားနဲ့ သူ့ရဲ့နောက်လိုက်တွေကိုချုပ်ထားလိုက်ကျ! ဒီမိန်းမက ဟွမ်ဟွာရဲ့နောက်ခံကိုအားကိုးနေပြီး ဒီလိုမကြောက်မလန့်ကျူးလွန်ရဲတာဆိုတော့ ဟွမ်ဟွာကလည်း ဒီကိစ္စကိုတာဝန်ယူရလိမ့်မယ်! ငါကဒီကိစ္စကို ဧကရာဇ်ထံကိုတင်ပြပြီး ဟွမ်ဟွာကိုအပြစ်ပေးဖို့တောင်းဆိုမယ်!!"

ယန်စန်းဟွားသည် ဟွမ်ဟွာ၏ အခွဲတစ်ခုမှတာဝန်ခံတစ်ယောက်ဖြစ်ပြီး သူမလုပ်သမျှသည် ဟွမ်ဟွာနှင့်သက်ဆိုင်လိမ့်မည်။ မြို့တော်မှာ အခြေစိုက်ထားတဲ့ဟွမ်ဟွာရဲ့နောက်မှာ အကောင်ကြီးကြီးတွေရှိနေတာကြောင့် ဝမ်လီက ဆိပ်ကမ်းမြို့ကဟွမ်ဟွာကို ပိတ်ချဖို့ ကိုယ်တိုင်မဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမယ့် သူကဒီလောက်ကိစ္စကြီးကို ဧကရာဇ်ဆီတော့ တင်ပြနိုင်ပါသေးသည်။

ယန်စန်းဟွားသည် မျက်နှာအမူယာမဲ့လျက် မျက်ရည်များစီးကျနေရင်းမှ ဟွမ်ဟွာကိုပါ အပြစ်ခံရရန် ဝမ်လီက ဧကရာဇ်ဆီတောင်းဆိုမည်ဟုကြားတော့ သူမ ကရုတ်တရက်ကြီး ရယ်မောချင်မိလာခဲ့၏။ သူမက ဟွမ်ဟွာမှာ နေရာတစ်ခုရချင်ခဲ့ပေမယ့် အဲတာက ဟွမ်ဟွာကိုချစ်လွန်းလို့မှမဟုတ်တာ။ အကယ်၍ သူမကျရှုံးသွားချိန်မှာ ဟွမ်ဟွာရဲ့ထောက်တိုင်တစ်ခုကို ဖြိုနိုင်ခဲ့မယ်ဆိုရင်...

အိုး...သူမကျေနပ်မိသလိုလိုပါပဲ။

ယန်စန်းဟွားသည် ရုံးတော်သားများခေါ်ရာသို့ အေးဆေးစွာလိုက်ပါသွားခဲ့ပြီး ပိုင်လီအနားက ဖြတ်လျောက်သွားချိန်တွင် သူမက ပိုင်လီကိုတစ်ချက်မျှသာကြည့်သွားကာ ဘာစကားမှမပြောခဲ့ပေ။

ပိုင်လီကတော့ အနည်းငယ်စိတ်မသက်မသာဖြစ်နေမိတာပင်။ အဲဒါက ယန်စန်းဟွားရဲ့ရှုပ်ထွေးတဲ့ အကြည့်တွေကြောင့်တော့မဟုတ်ပါဘူး။ ဒီတိုင်း သူက မူလပိုင်လီသာ ကလေးတွေကိုမရောင်းခဲ့ရင် ဒီအမျိုးသမီးကလည်း ဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူးလို့ တွေးမိရုံသာဖြစ်သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now