အပိုင်း (၄၉)

10.5K 1.4K 30
                                    

အပိုင်း (၄၉) မုဆိုးကြီးအား ဒုတိယဇနီးယူရန်တိုက်တွန်းကျခြင်း -5

ဒေါ်လေးဝမ် ကျွန်တော်မရှင်းတာရှိသေးတယ် ဒေါ်လေးတို့ဝမ်အိမ်က ရှေ့လျောက်ခက်ခဲလာမှာမလို့ ဝမ်လေကို လက်ထပ်ပေးချင်တယ်လို့ပြောတာမလား ဒါဆို ကျွန်တော်ဖြစ်နေမှရမှာလား ရွာထဲကအရွယ်ရောက်ပြီးတဲ့ တစ်ယောက်ယောက်ဆိုရင်ရော မရဘူးလား ဘာလို့ကျွန်တော်လဲ"

ရွာထဲမှာ လက်ထပ်ဖို့အရွယ်ရောက်နေတဲ့ကလေးတွေရှိတယ်။ ရုံမိသားကသားတွေပဲဖြစ်ဖြစ်၊ ကျန်းချင်ပဲဖြစ်ဖြစ်၊ ပိုင်ဝူပဲဖြစ်ဖြစ် တခြားရွာထဲကကလေးတွေလည်း ရှိနေဦးမှာပဲ။ ဒါပေမယ့် ဝမ်အိမ်က ဇနီးနဲ့ကလေးရှိတဲ့ ပိုင်လီကိုသာရွေးချယ်ခဲ့တယ်။

ပိုင်လီက သူတို့ကိုထောက်ပြချင်နေတာ။ ဝမ်အိမ်ကသူ့ကိုရွေးချယ်ခဲ့တာက သူရဲ့ငွေကြေးတစ်ခုထဲကြောင့်ဆိုတာကိုပေါ့။ အဲတာက သူကဝမ်ရူကို သွယ်ဝိုက်သေစေခဲ့တယ်ဆိုတာကြောင့်ကလည်း မမှန်ဘူး။ အကယ်၍ အခုချိန်မှာသာ ပိုင်လီကဆင်းရဲနေရင် ဝမ်ရူကို ဘယ်လိုအခြေနေဖြစ်အောင်ပဲလုပ်ခဲ့လုပ်ခဲ့ ဝမ်မိသားစုက သူ့ကိုဝမ်လေနဲ့လက်ထပ်စေမှာမဟုတ်ဘူးလေ။

ပိုင်လီပြောခဲ့တဲ့အတိုင်းပဲ ဒါကိုကြားတော့ ချီနင်ကအမှတ်တမဲ့ပြောလာတယ်...

"အဲဒါက မင်းက အခုရွာထဲမှာ အချမ်းသာဆုံးဖြစ်နေလို့လေ ဘယ်သူကများ မင်းထက်ပိုငွေရှာနိုင်နေလို့လဲ ငါတို့ကရှေ့လျောက်ခက်ခဲတော့မှာဆိုပေမယ့် ရှောင်လေကောင်းစားတာကိုတော့ မြင်ချင်တယ် အဲတာကြောင့် မင်းကိုလာတောင်းဆိုနေရတာပေါ့"

ပိုင်လီက ဒါကိုကြားတော့ရယ်လုမတတ်ပဲ။ ဒါပေမယ့် သူကအမှန်တကယ်မရယ်ခဲ့ပဲ...

"ဒေါ်လေးဝမ် ကျွန်တော်အပွင့်လင်းဆုံးပြောပြမယ် ကျွန်တော်က တစ်သက်လုံး လက်ရှိဇနီးတစ်ယောက်ကိုပဲဘေးမှာထားဖို့ဆုံးဖြတ်ထားတာ ဇနီးထပ်ယူဖို့ဆန္ဒလုံးဝရှိလာမှာမဟုတ်ဘူး ဒါပေမယ့် ဒေါ်လေးဝမ်ပြောခဲ့တဲ့ စာနာတရားရှိပေးပါဆိုတဲ့စကားအတွက်ကတော့ မကြာခင်မှာ ကျွန်တော်က သစ်သီးခြံတစ်ခြံစိုက်ဖို့ရည်ရွယ်ထားတာရှိတယ် ခြံမှာလုပ်ဖို့ လူတချို့လိုတယ်လေ  အစကတော့ရွာသားတချို့ကို ပုံမှန်ထက်ပိုတဲ့နူန်းထားနဲ့ ငှားဖို့ဆုံးဖြတ်ထားတာပေမယ့် ဒေါ်လေးဝမ်တို့မိသားစု အရမ်းခက်ခဲနေရင် ကျွန်တော်က ဒါကို ဝမ်မိသားစုကိုပေးလိုက်လို့ရတယ် ကျွန်တော်ပြောရဲတယ် ဒေါ်လေးဝမ်တို့ရဲ့ဝမ်မိသားစုက ငတ်ပြီးသေမှာတော့မဟုတ်ဘူး ဒါကကျွန်တော်တတ်နိုင်တာအကုန်ပဲ"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now