မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်

11.3K 1.5K 49
                                    

အပိုင်း (၅၁) မုဆိုးကြီး၏ ဝက်ဝံအမဲလိုက်ခရီးစဥ်

တကယ်တော့ ပိုင်လီလည်း စိတ်မကောင်းဖြစ်ရပါတယ်။ ရှောင်ဟန်က သူ့ကိုအမျိုးမျိုးတားဖို့ကြိုးစားခဲ့ရှာတာလေ။ ဒီကောင်လေးက ဒီလိုမျိုးသူ့ဆန္ဒကိုထပ်ခါထပ်ခါဖော်ထုတ်ပြဖို့က အရမ်းရှားတယ်မဟုတ်ဘူးလား။

ဝမ်ရူရဲ့သေဆုံးမှုက သူတို့ကိုကြောက်စိတ်ဝင်သွားစေမှာကိုသိလို့ ပိုင်လီကတောင်ပေါ်တတ်မယ့်အကြောင်း ပိုင်အိမ်ကလူတွေကိုတောင် မပြောပြထားခဲ့ပါဘူး။ ဒါပေမယ့် ရှောင်ဟန်မသိဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလေ။ ဒါက အရင်တုန်းကလို နေ့ချင်းပြန်ရောက်မယ့် ခရီးစဥ်အတိုမျိုးမှမဟုတ်တာ။ သူက ဘာမပြောညာမပြောနဲ့ တောထဲထွက်သွားပြီး သုံးလေးရက်လောက်ကြာနေရင် သူတို့တွေပိုပြီးစိတ်ပူနေရမှာပေါ့။ ပိုင်အိမ်ရဲ့အကျင့်နဲ့ဆိုရင် တောင်ပေါ်တောင် လူစုပြီးလာရှာလိမ့်ဦးမယ်။ သူက သုံးလေးရက်လောက်ကြာမယ်လို့မှာခဲ့ရင် ပိုင်အိမ်က အနည်းဆုံး သုံးလေးရက်လောက်တော့စောင့်ကြည့်ဦးမှာပဲလေ။

ဒါကြောင့် သူကတစ်ယောက်ယောက်ကိုတော့ ပြောခဲ့မှဖြစ်မယ်လေ။ အဲဒီတစ်ယောက်က ရှောင်ဟန်ကလွဲရင် ဘယ်သူကများသင့်တော်နေလို့လဲ။ သူတို့ကအတူတူနေတဲ့လူတွေဖြစ်ပြီး ရှောင်ဟန်ကလဲသူ့ဇနီးပဲလေ။

ဒါပေမယ့် သူထွက်လာခါနီးတုန်းက ရှောင်ဟန်ရဲ့ဝမ်းနည်းနေတဲ့ပုံစံကိုပြန်တွေးမိရင် ပိုင်လီကစိတ်မကောင်းဖြစ်နေတုန်းပါပဲ။

ပိုင်လီက ရှောင်ဟန်ရဲ့အတွေးတွေကိုနားလည်နိုင်တယ်။ အကယ်၍ သူသာတစ်ခုခုဖြစ်သွားရင် အရင်ဆုံးဒုက္ခရောက်မှာက ရှောင်ဟန်နဲ့ကလေးတွေပဲလေ။ ကလေးတွေက အရမ်းငယ်သေးပြီးတော့ ကောလေးတွေ ပြီးတော့ ဒီမှာက ဦးစီးမရှိတော့တဲ့မိသားစုတစ်ခုက အနိုင်ကျင့်လို့ရတယ်လို့ စာတန်းထိုးမထားရုံပဲ။ လူတွေက သူတို့မလေးမစားပြုမူပြီး အနိုင်ကျင့်ကျလိမ့်မယ်။ အဲတာက ပိုင်အိမ်ကကူညီရင်တောင်လုံးလုံးရှင်းသွားမှာမဟုတ်ဘူး။ ထပ်ပြီး သူသာမရှိတော့ရင် ကလေးတွေနဲ့ ရှောင်ဟန်က အရမ်းခက်ခဲရလိမ့်မယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now