ဟွမ်ဟွာ၏ဖိတ်ခေါ်မှု

9.9K 1.3K 35
                                    

အပိုင်း (၆၀) ဟွမ်ဟွာ၏ဖိတ်ခေါ်မှု

ပိုင်လီက နောက်တော့ သူ့အတွေးတွေသူပြန်ထိန်းလိုက်ကာ ရုပ်တည်လိုက်ပြီး ဆံထိုးနှစ်ချောင်းကို ဗန်းအလွတ်တစ်ခုထဲထည့်လိုက်၍...

"ဒါဆိုလည်း သူတကယ်ပျော်ဖို့ပဲ ဆုတောင်းရတော့မှာပေါ့"

ထို့နောက် ပိုင်လီက ပိုင်အမေအတွက် ကျောင်စိမ်းကိုယ်ထည်မှာ ရွှေရောင်နွယ်တွေပတ်နေတဲ့ ဆံထိုးတစ်ချောင်းကိုလည်းရွေးခဲ့သေးကာ ထိုဆံထိုးက ထပ်ဖျားတွင် နွယ်များမှပန်းပွင့်နေသည့်ပုံဖြစ်ပြီး ပွင့်လွှာတွေထဲရှိဝတ်ဆံသည် ကျောက်စိမ်းပင်။

ရွှေနဲ့ကျောက်စိမ်းရဲ့ လိုက်ဖက်စွာပေါင်းဖက်မှုက အရမ်းလိုက်ဖက်ပြီးတော့ ဒါကလူလတ်ပိုင်းအမျိုးသမီးတွေနဲ့ အမျိုးသမျိုးကြီးတွေအကြိုက်တွေ့မယ့်ပုံစံမျိုးပါပဲ။ ထိုဆံထိုးကတော့ ထူထဲပြီးခန့်ညားတာဖြစ်လို့ တစ်ချောင်းထဲတင် ရွှေချောင်း တစ်ရာ့ရှစ်ဆယ်နဲ့အစွန်းထွက်တချို့ရှိခဲ့ပြီး ထပ်၍ ပိုင်လီက ပိုင်မိန်အတွက် ပန်းနုရောင်ပုလဲအဆင်တန်ဆာတစ်စုံကိုရွေးခဲ့ကာ ထိုတစ်စုံထဲတွင် ကြိုးတန်းလေးတွေပါသော ပုလဲဆံထိုး၊ နဖူးတွင်ဝတ်ဆင်ရသည့် ပုလဲကြိုး၊ ပုလဲပုတီး၊ ပုလဲလက်ကောက်နှင့် ပုလဲနားဆွဲစသည်တို့ပါဝင်ပြီး တစ်စုံစာကို ရွှေချောင်းနှစ်ရာကျသင့်ခဲ့သည်။

နောက်ဆုံးတော့ သူ့အိမ်က အသေးလေးတွေအလှည့်ရောက်လာပါပြီ။ ပိုင်လီက အသေးလေးတွေအတွက် ဝယ်ရာတွင် အထိန်းကွပ်မရှိခဲ့ဘဲ ကျောက်စိမ်းနှင့်ပုံဖော်ထားသည့် ခါးချိတ်အဆောင်ပေါင်းများစွာကို ရွေးယူခဲ့သည်။ ထိုခါးချိတ်အဆောင်များထဲတွင် အကောင်ငယ်လေးများ၏ ရုပ်ပုံများပါဝင်သလို ပန်းနှင့် အသီးလေးများ၏ပုံများလည်းပါဝင်ကာ တစ်ခုချင်း၏ စျေးကသိပ်မရှိလှသော်လည်း ပိုင်လီကအတော်လေးဝယ်ပြစ်ခဲ့တာပင်။ ထပ်ပြီး ကျောက်စိမ်းလက်ကောက်များနှင့် ဆွဲကြိုးအများပြားကိုလည်း ဝယ်ခဲ့သေးရာ သူကယွီလျန်ဟွားတွင် ရွှေချောင်းထောင့်သုံးရာကျော်လောက် ရှင်းခဲ့ရတော့သည်။

ဒါပေမယ့် ပိုင်လီက ကုန်သွားတဲ့ငွေတွေကို ရေတွက်မနေပါဘူး။ သူ့မှာ ရွှေချောင်းလေးသောင်းကျော်တောင်ရှိနေတာကို သူ့မိသားစုအတွက်ဒီလောက်မှသုံးမလာရင် သူကအရမ်းကပ်စီးနှဲသလိုဖြစ်နေလိမ့်မယ်။ ဖြစ်နိုင်ရင်သူကဒီထက်တောင် ပိုသုံးချင်သေးတယ် ။ ဒါပေမယ့်သူ့မိသားစုတွေအရမ်းလန့်သွားမှာစိုးတာရယ် နောင်မှသူတို့စိတ်ကြိုက်တာတွေ ကိုယ်တိုင်လာဝယ်နိုင်အောင်လို့ရယ်ကိုတွေးပြီး ဒီလောက်နဲ့ရပ်တန့်ခဲ့တာပင်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now