တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်

13.1K 1.6K 14
                                    

အပိုင်း (၆) တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်

နန်ချောင်းရွာလေး၏တောင်ဘက်တွင် နန်တောင်ရှိပြီး မြောက်ဘက်တွင် ချောင်းမြစ်ရှိသောကြောင့် နန်ချောင်းရွာဟု ခေါ်ဆိုခဲ့ကျခြင်းဖြစ်ကာ ပိုင်မိသားစု၏မြေကွက်များသည် ရွာ၏မြောက်ဘက်တွင်တည်ရှိပြီး မြစ်နှင့်ရွာကြားတွင် တည်ရှိလေသည်။

ရွာအကြီးကဲ၏အငယ်ဆုံးသားလေး ကျန်းချင်သည် ယခုအခါ ပိုင်မိသားစု၏လယ်ကွက်များစီသို့ ကရောသောပါးပြေးလို့လာနေ၏။ သူသည် အရမ်းစိတ်လှုပ်ရှားနေပုံရပြီး အဝေးမှနေ၍ အော်ဟစ်နေလေသည်။

"ဦးလေးပိုင်!! ဦးလေးပိုင်ရေ!!! ကိစ္စကြီးတာတစ်ခုခုဖြစ်သွားတယ်ဗျ!!!"

ပိုင်မိသားစုသည် ကိုယ်ဝန်ရှိနေသောချွေးမနှစ်ယောက်မှလွဲ၍ ကျန်သည့်လူများအားလုံးက လယ်အလုပ်များလုပ်နေကျရပြီး ဆယ်နှစ်အရွယ်ပိုင်မိန်လေးတောင်မှ ပါဝင်လေသည်။ နန်ချောင်းရွာမှာ ပိုင်မိသားစုရဲ့မြေကွက်တွေက ရွာအကြီးကဲထက်တောင် အနည်းငယ်ပိုတဲ့အတွက် သူတို့လူအကုန်မလုပ်ရင် လူငှားခေါ်ဖို့ငွေကုန်လိမ့်မယ်လေ။

ပိုင်ကျန့်(ပိုင်အဖေ၊မူလပိုင်လီ၏ဖခင်)၊ မော့ဟွာ(ပိုင်အမေ၊မူလပိုင်လီမိခင်)နှင့် သူတို့၏သားသမီးများသည် လူငယ်လေးတစ်ယောက် သူတို့ဘက်သို့ ကရောသောပါး ပြေးလာနေသည်ကိုမြင်သောအခါ လုပ်လက်စအလုပ်များကိုရပ်လိုက်ကျ၏။ လက်ရှိတွင် သူတို့က သူတို့အိမ်ရဲ့ဒုတိယသား(ပိုင်လီ)အကြောင်းကိုပြောနေကျတာဆိုပေမယ့် ပိုင်လီတကယ်ပြောင်းလဲသွားသည်ကိုမယုံကြည်ရဲ ဖြစ်နေကျသဖြင့် ငြင်းခုံနေကျခြင်းလည်းဖြစ်သည်။

လာနေသောလူငယ်သည် ရွာအကြီးကဲအိမ်မှဖြစ်သည်ကိုမြင်လိုက်ရသောအခါတွင် ပိုင်အမေ၏မျက်ခုံးများ လှုပ်ခပ်သွားလေသည်။ သူမကဘာဖြစ်တာလဲမသိရသေးပေမယ့် ဒီကိစ္စက သူမရဲ့ဒုတိယသားနဲ့စပ်ဆက်နေလိမ့်မယ်ဟု ဝိုးတဝါးခံစားမိနေသဖြင့် မျက်နှာမကောင်းနိုင်တော့ပေ။

မဟုတ်မှ သူမရဲ့သားဆိုးက ထပ်ပြီးမဟုတ်တာတွေလုပ်ပြန်ပြီလား။ မနေ့က ရွာအကြီးကဲရဲ့လေးကို ပိုင်လီရဲ့အိမ်မှာမြင်ခဲ့ရပြီး လေးကိုများ အလွဲသုံးစားလုပ်လိုက်တာများလား။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now