အပိုင်း (၄၀)

11.3K 1.6K 44
                                    

အပိုင်း (၄၀) မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်းနှင့် တည်သီးပင်လေး

ပိုင်လီက မနေ့ကမှလောလောလတ်လတ်ရောက်ဖူးတာတဲ့ လမ်းကြောင်းကိုပြန်ဝင်ကာ ဒီတစ်ခါတော့ ဒရယ်အုပ်နဲ့ထိပ်တိုက်မတိုးမိအောင် သတိထားခဲ့ပြီး အဝေးတစ်နေရာကနေ နေရာယူခဲ့သည်။ ပိုင်လီရဲ့ခန့်မှန်းချက်အတိုင်း မနေ့က သူဒရယ်တွေကိုတွေ့ခဲ့တဲ့နေရာက ဒရယ်တွေနဲ့သမင်တွေ လာကျက်စားတက်တဲ့နေရာဖြစ်နေပြီး ဒီနေ့လည်း မနေ့ကထက်ပိုများသောအကောင်များ ရှိနေသည်ကိုတွေ့ခဲ့ရ၏။

ဒီကောင်တွေက အရမ်းလျှင်မြန်တာမလို့ ပိုင်လီက ခြောက်လန့်မိမှာစိုးပြီး အတော်လေးဝေးတဲ့နေရာကနေ နေရာယူထားပေမယ့် သူ့အတွက်တော့ သိပ်ကိစ္စမရှိလှပါဘူး။ သူကအေးအေးဆေးဆေးပဲ အဝဖြိုးဆုံးဆိုတဲ့ဒရယ်နှစ်ကောင်ကို ရွေးချယ်လိုက်ပြီး မြှားနှစ်စင်းကို ရှေ့ဆင့်နောက်ဆင့် ပစ်လွတ်လိုက်သည်။

လေးကြိုးကအရမ်းသန်မာပြီး သ​တ္တုမြှားတံတွေကလည်းတော်တော်လေးကောင်းတာကြောင့် ဒီလေးနဲ့မြှားက ပိုင်လီရဲ့လက်ရည်နဲ့ကွက်တိဖြစ်လွန်းလှတယ်။ မြှားတံနှစ်စင်းက သူရွေးချယ်ထားတဲ့ ဒရယ်နှစ်ကောင်ကို အတိကျထိမှန်ခဲ့ပြီး ထိုနှစ်ကောင်ရဲ့လဲကျမှုကြောင့် တခြားအကောင်တွေက ထွက်ပြေးကုန်ကျကာ ပိုင်လီကလည်းအလျှင်မလိုစွာနှင့် သားကောင်တွေကိုသွားကောက်ခဲ့သည်။

အဝေးကနေဆိုပေမယ့် သူ့လက်ရာကသပ်ရပ်နေတုန်းပဲ။ ဒရယ်နှစ်ကောင်လုံးရဲ့လည်တိုင်မှာပဲ မြှားတံတွေက တိကျစွာဖောက်ဝင်နေပြီး တခြားအနာဆာလုံးဝမရှိခဲ့ဘူး။

ပိုင်လီ ဒရယ်နှစ်ကောင်ကို ကောက်ကာထမ်းလိုက်ပြီး ပြန်တော့မယ့်အချိန်တွင် သူ့ကိုချောင်းမြှောင်းနေသော အဆိပ်ပြင်း​မြွေတစ်ကောင်ကို မျက်လုံးဒေါင့်ကနေမြင်လိုက်ရသဖြင့် တော်တော်ဝေးဝေးရောက်သည်ထိ ကန်ထုတ်လိုက်သည်။ ဒီတောထဲမှာ တွေ့ရအများဆုံးက အဆိပ်ပြင်းတဲ့မြွေတွေနဲ့ အဆိပ်ရှိတဲ့အသေးမွှားကောင်လေးတွေပဲ။ ဒါပေမယ့် ဒါက ပိုင်လီလို မျက်စိအရမ်းလျှင်တဲ့လူအတွက်တော့ အန္တာရယ်မရှိနိုင်ပါဘူး။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now