အပိုင်း (၈၅)

9.7K 1.2K 14
                                    

အပိုင်း (၈၅) နန်ချောင်းရွာသားများ၏စကားဝိုင်း

ပိုင်အဖေက သူ့ရဲ့သားတွေပြောနေတာကို ဝင်မပြောခဲ့ပဲ ဘေးမှရပ်ကြည့်နေကာ ပိုင်ကျန်းကမူ ပိုင်စန်းသဘောတူလိုက်ပြီးနောက် ဝင်ပြောခဲ့သည်။

"ကောင်းပြီ သွားရောင်းမှာဆို စောတုန်းသွားသင့်တယ် "

မြို့လေးကိုသွားဖို့ နန်ချောင်းရွာကနေ နှစ်နာရီလောက်ကြာဦးမှာပါ။ ထပ်ပြီး ပြန်လာဖို့ကလည်းအချိန်နှစ်နာရီလောက် လိုတာဖြစ်လို့ စောစောသွားလေပိုကောင်းလေပါပဲ။

ဒါကြောင့်သူတို့သည် အချိန်မဆွဲခဲ့ဘဲ ပိုင်းစန်းအတွက် လှည်းအမြန်ပြင်ပေးလိုက်ကျကာ သစ်သီးခြင်းလေးခြင်းအား လှည်းပေါ်ဝိုင်းတင်ပေးခဲ့ပြီး ပိုင်လီက ပိုင်စန်းလှည်းပေါ်တတ်အပြီး၌ ရောင်းရမည့်စျေးနှုန်းကို ပြောပြလိုက်သည်။

"မင်း တစ်လုံးကို ကြေးပြားငါးဆယ်လောက်နဲ့ရောင်းလိုက် အများကြီးဝယ်ရင်တော့ နည်းနည်းအပိုပေးလိုက်ပေါ့"

ပိုင်းစန်းက ဒါကိုကြားတော့ အနည်းငယ်တွန့်သွားပြီး...

"ဒုတိယအကို ဒါက နည်းနည်းများ မများဘူးလားဗျာ"

သူတို့ရွာကလူများ၏ တစ်နေ့စာဝင်ငွေသည် ကြေးပြားသုံးဆယ် ပတ်ဝန်းကျင်မှာသာရှိသည်။ ဒါဆို ဒီသစ်တော်သီးတွေက တစ်လုံးကို လယ်သမားတစ်ယောက်ရဲ့နှစ်ရက်စာ လုပ်ခနီးနီးလောက်ရှိနေတာပေါ့။ ပိုင်စန်းကတော့ နည်းနည်းများတယ်လို့ ထင်နေပါတယ်။

ဒါကိုကြားတော့ ပိုင်လီက ပိုင်စန်းကိုစေ့စေ့ကြည့်လိုက်ပြီး...

"ဒုတိယအကိုက မင်းကိုပြောပြမယ် သစ်သီးတွေက ရှားပါးပြီးအဖိုးတန်တာကို သိတယ်မလား အကယ်၍ ငါတို့သာ စျေးချိုချိုနဲ့ရောင်းလိုက်ရင် သူများတကာတွေရဲ့စျေးကွက်ကို ဖျက်စီးမိသလိုဖြစ်သွားပြီး အငြိုးထားခံရလိမ့်မယ် ကြေးပြားငါးဆယ်ဆိုတာကတောင် နည်းနေပြီးသားပါ ငါတို့က အမြဲတမ်းရောင်းမှာမဟုတ်လို့သာ ဒီစျေးနဲ့ပေးနိုင်တာ နားလည်ရဲ့လား"

ပိုင်အဖေနှင့် ပိုင်ကျန်းသည်လည်း အစကစျေးကနည်းနည်းများနေလားဟုထင်နေခဲ့ကျပေမယ့် ပိုင်လီရှင်းပြတာကိုကြားသောအခါတွင်မူ သူတို့ကနားလည်သွားပြီး ဘာမှမပြောခဲ့တော့ပေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now