ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်

11.3K 1.4K 19
                                    

အပိုင်း (၆၇) ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်

ဒီတော့မှ ပိုင်လီက တေသူ့အိမ်ကကောလေးတွေ သူ့ကိုစောင့်နေကျတာမှန်း သိသွားပြီး ဒီနေ့ပြန်လာလိုက်လို့ သူ့ကိုယ်သူတောင် ကျေးဇူးတင်မိသွားသည်။အကယ်၍ မနက်ဖြန်မှသာ ပြန်လာမိရင် ဒီကောင်စုတ်လေးတွေက တစ်ညလုံးမအိပ်တာမျိုးဖြစ်သွားနိုင်သလို သူတို့က ရှောင်ဟန်ကိုလည်း ဂျီကျလိမ့်မယ်လေ။

ပိုင်လီက အသေးလေးတွေကို တစ်ချက်စီနမ်းလိုက်ပြီး အောက်ပြန်ချပေးလိုက်ကာ...

"ကောင်းပြီ အပြင်မှာအေးတယ် မင်းတို့ဖေဖေနဲ့အတူအိမ်ထဲအရင်ဝင်နှင့် အေဖက လှည်းတွေကိုအိမ်ထဲသွင်းပြီးမှလာခဲ့မယ် ဟုတ်ပြီလား"

ဒါကိုကြားတော့ ပိုင်ရှောင်ဝူက ခေါင်းလေးစောင်းကာ ပိုင်လီနောက်က လှည်းတွေလှမ်းကြည့်လိုက်ပြီး ပျော်ရွှင်စွာနှင့် ပြောလို့လာ၏။

"စူးစူးရောပြန်လာပြီလား!"

ပိုင်လီကတော့ ထိုစောင်းနေသည့်ခေါင်းလေးကို လက်ညိုးဖြင့် အသာ ပြန်တည့်ပေးလိုက်ကာ....

"မင်းက မင်းအဖေပြန်လာတာကိုပဲ အရင်ပျော်သင့်တယ် စူးစူးနဲ့မနက်ဖြန်မှတွေ့တော့ အခုတော့ မင်းတို့ဖေဖေနောက်ကိုမြန်မြန်လေးလိုက်သွား"

အချိန်သည် ညဘက်များတွင် အေးစိမ့်စိမ့်ဖြစ်လာပြီဖြစ်၍ ပိုင်လီက ဒီလူသားအသေးလေးတွေ အအေးမိမှာစိုးရိမ်နေတာပင်။ ဒါကြောင့် သူက ရှောင်ဟန်နဲ့ကလေးတွေကို အရင်ဝင်ခိုင်းလိုက်ပြီး ရှောင်ဟန်က မီးခွက်ထားခဲ့ဖို့ပြင်တာတောင် သူက လရောင်နှင့်အဆင်ပြေ၍ ကလေးတွေ အမှောင်ထဲမလဲကျစေရန် သူတို့နှင့်သာ ယူသွားခိုင်းလိုက်၏။

နောက်တော့ သူလည်း လှည်းတွေနဲ့ကျွဲတွေကို အိမ်ဝန်းထဲ အမြန်သွင်းလိုက်ပြီး ခြံတံခါးကိုသေချာပိတ်ခဲ့ကာ တဲအိမ်လေးထဲဝင်ခဲ့တော့သည်။

အပြင်ကနေလာတာဖြစ်လို့ ပိုင်လီကိုယ်ကအနည်းငယ်အေးနေသဖြင့် သူက အသေးလေးတွေကိုမကပ်ခိုင်းချင်ပေမယ့် ထိုကောင်လေးတွေက သူအိမ်လေးထဲရောက်တာနဲ့ သူ့ကို ခိုအာလားလေးတွေကိုဖက်တွယ်ထားကျကာ လွှတ်ခိုင်းလို့မရတော့ပေ။ ဒါကြောင့် ပိုင်လီလည်း ထိုကောင်လေးတွေ အအေးမမိစေဖို့ သူပါ အနွေးကုတင်ပေါ်ထိုင်လိုက်ရတော့သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now