ကျိုးရှီကိုနှင်ထုတ်ခြင်း

5K 778 22
                                    

အပိုင်း (၁၃၈) ကျိုးရှီကိုနှင်ထုတ်ခြင်း

ပိုင်လီက ပိုင်အမေ အနည်းငယ် ဒေါသထွက်သွားတာသိပေမယ့် အရမ်းဆိုးမှာမဟုတ်မှန်းသိနေလို့ ချော့မော့ဖို့ နောက်ကလိုက်မသွားခဲ့ပေ။ တကယ်တော့ ပိုင်အမေကလည်ယ ပိုင်မိန်ကို အရမ်းအလိုက်တာက သိပ်မကောင်းဘူးလို့ မြင်နေပေမယ့် သူ့မသားတွေ၊သမီးတွေက ချစ်ချစ်ခင်ခင်နေနေတာကိုတော့ ကျေနပ်နေခဲ့ပါတယ်။ သူမက အမြဲတမ်း ပိုင်လီက ပိုင်မိန်ကို အလိုလိုက်နိုင်ဖို့ တကယ်မျှော်လင့်မိတယ်။

ပိုင်အိမ်ရှိလူများသည် အစကတော့ ကျိုးရှီက မီးပုံးပွဲတော်ပြီးမှပဲ မွေးလောက်သည်ဟု ထင်ထားခဲ့ကျတာဖြစ်ပေမယ့် မထင်မှတ်ဘဲ နောက်တစ်နေ့တွင်ကျိုးရှီက ယောင်္ကျားလေးတစ်ဦးကို အခက်ခဲကင်းစွာ မွေးဖွားခဲ့လေသည်။ မွေးဖွားမှုက ထင်တာထက်ချောမွေ့ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပိုင်မိသားစုတစ်ခုလုံးက ပျော်ရွှင်ခဲ့ကျပြီး သူတို့အရမ်းပျော်ရတဲ့ အကြောင်းရင်းတစ်ချက်မှာ သူတို့မိသားစုက အကြီးဆုံးသားရဲ့ပထမကလေးက သားယောင်္ကျားလေးဖြစ်နေခဲ့လို့ပါပင်။ ပိုင်မိသားစုရဲ့ ​မြေးတွေအကြောင်းပြောရရင် ပိုင်လီကအိမ်ခွဲထွက်ပြီးသားဆိုတော့ သားယောင်္ကျားလေးတွေ မွေးခဲ့ရင်တောင်မှ ပိုင်အိမ်ရဲ့အမွေဆက်ခံမှုက ဆက်နွယ်လို့မရတော့ဘဲ ပိုင်လီက ကောလေးတွေချည်းမွေးထားတဲ့အခါ ပိုင်မိသားစုက မြေးယောင်္ကျားလေးတစ်ယောက်ကို အမှန်ပင်တောင်းတနေခဲ့ကျတာဖြစ်သည်။

အခုတော့ သူတို့ဆုတောင်းတွေ ပြည့်သွားခဲ့ကျပါပြီ။

ဒီအတွက်တော့ မပျော်ရွှင်သည့် တစ်စုံတစ်ဦးလည်း ရှိနေခဲ့ပြီး ထိုလူကတော့ နောက်လလောက်မှာ ကလေးမွေးဖွားမယ့်စုရှီပါပင်။ သူက ပိုင်ကျန်းရဲ့ကလေးက သား​ယောင်္ကျားလေးဖြစ်နေလို့ အနည်းငယ် စိတ်ပျက်သွားခဲ့ရ၏။ အဲလိုဆိုရင် သူက သားယောင်္ကျားလေးမွေးရင်တောင် ပိုင်အိမ်ရဲ့ ဦးစီးနေရာကို မှန်းလို့မရတော့ဘူးလေ။ သူ့ခင်ပွန်းဖြစ်တဲ့ ပိုင်စန်းကလည်း တတိသားဖြစ်နေလို့ ဦးစီးနေရာမရနိုင်ဘဲ သူ့ကလေးကပါ အခုဆို မိသားစုဦးစီနေရာက ကန်ထုတ်ခံလိုက်ပြီဆိုတော့ သူဘယ်ပျော်ရွှင်နိုင်ပါ့မလဲ။ သို့သော် သူသည် ဒါကိုထုတ်မပြောဝံ့ချေ။ မဟုတ်ဘူး ထုတ်ပြောဖို့နေနေသာသာ သူက ဒီစိတ်ပျက်မှုကို မျက်နှာမှာတောင် မဖော်ပြရဲခဲ့ဘူး။ မဟုတ်ရင် သူလည်း ကျိုးရှီလို ပိုင်အိမ်ကနေ ကန်ထုတ်ခံရနိုင်တယ်လေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now