မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်

13.8K 1.6K 19
                                    

အပိုင်း (၃) မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင် -1

ရွာအကြီးကဲနှင့်မိသားစုသည် ဘာမှမပြောနိုင်သေးပဲ ပိုင်လီအနားရောက်လာတာကိုသာ စောင့်နေလိုက်ကျပြီး သူတို့မျက်နှာပေါ်တွင်လည်း မေးခွန်းများပြည့်နေသော မျက်နှာထားမျိုးရှိနေကျလေသည်။

သူတို့မြင်နေရတာက တကယ်ပဲ ပိုင်လီလား?

နေ့လယ်ကမှ တောင်ပေါ်တတ်မယ်ဆိုပြီး လေးငှားသွားပြီးတော့ အခု ရစ်ငှက်တစ်အုပ်နဲ့ပြန်ရောက်လာတယ်တဲ့လား?

အိမ်မက်လား? တကယ်လား?

ပိုင်လီသည် သူတို့ရှေ့တွင်ပင်ကြီးပြင်းလာကာ အလွန်အမှိုက်ဆန်သဖြင့် မည်သည့်အလုပ်မှမလုပ်ခဲ့ဖူးပေ။ ပိုင်လီက ခုမှတောင်ပေါ်တတ်ဖူးတာသေချာပေမယ့် တကယ်ကြီးအမဲရလာတယ်ပေါ့လေ။
မိုးနတ်မင်းက တကယ်ကျီစယ်တတ်တာပဲ။ အရင်ထဲက တောင်ပေါ်တတ်ဖူးပြီး အမဲရဖို့ခက်တဲ့လူတွေကို သတ်သေချင်အောင် လုပ်နေတာများလားပဲ။

သူတို့တွေအတွေးများခိုက်မှာပင် ပိုင်လီကအနားရောက်လာခဲ့ပြီး ရွှန်းရွှန်းဝေအောင်ပြုံးပြလျက် ရစ်ငှက်အား တုရှီဆီသို့ကမ်းပေးလာကာ...

"ဒေါ်လေးတု ဒါ ဒေါ်လေးတို့အတွက်ပါ"

တုရှီသည် မျက်လုံးများက မယုံနိုင်ဟန်ဖြင့်ရစ်ငှက်အားစိုက်ကြည့်နေပြီး လက်များမှာအနည်းငယ် တုန်နေခဲ့ပေသည်။

အမှိုက်ကောင်က သူမကို ရစ်ငှက်တစ်ကောင်ပေးနေတယ်!! မယုံဘူး သူမ လုံးဝမယုံဘူး!

တုရှီ မယူသည်ကိုမြင်သောအခါ ပိုင်လီ ထပ်ပြောလိုက်၏။

"ဒေါ်လေးတု အားနာစရာမလိုပါဘူးဗျာ ဒါက လေးငှားတဲ့အတွက်ပဲလေ ဆိုကာမှ မနက်ဖြန်မနက်စောစော လာငှားရဦးမယ် ဒီနေ့ကျွန်တော့်မှာ အမဲလိုက်စွမ်းရည်ရှိကြောင်းသိလိုက်ရတော့ နောက်ဆို မုဆိုးလုပ်တော့မှာလေ ဒါကြောင့် ကျွန်တော် လေးမဝယ်ရသေးခင်ထိ ငှားပေးပါဦးနော်"

တုရှီသည် ထိုစကားများကြောင့် ပိုင်လီအားမော့ကြည့်လိုက်ပြီး ပါးစပ်များက တစ်ခုခုပြောချင်ဟန်ဖြင့် ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေလေသည်။ သို့သော် သူမဘာများပြောရမည်နည်း။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now