အပိုင်း (၁၂၈)

5.9K 877 23
                                    

အပိုင်း (၁၂၈) ဇနီးလေးရွေးပေးသည့်လက်ဆောင်-3

"သူမ မရိုက်ရဲပါဘူး အကယ်၍ သူမရိုက်ရဲရင် သူမလက်က အကောင်းတိုင်းရှိတော့မှာမဟုတ်ဘူး"

အပြောခံရသည့် ကုန်သည်ချင်၏ဒုတိယဇနီးကတော့ မည်သို့နေမည်မသိပေမယ့် အမျိုးသမီးစန်းကတော့ ပိုင်လီ၏စကားကြောင့် နောက်ကျောပင် အေးသွားသလို ခံစားလိုက်ရပေသည်။

မင်းက ခြိမ်းခြောက်မှာဆိုရင်လည်း တည်တည်တန့်တန့်နဲ့ ခြိမ်းခြောက်လေ။ ဘာကြောင့် အရယ်တစ်ဝက်နဲ့ ပြောရတာလဲ။ လူတွေကို ကြက်သီးထအောင်လို့!

ဒါပေါ့ ပိုင်လီသည် ကြောက်ရုံသာ ခြိမ်းခြောက်နေသည် လုံးဝမဟုတ်ပေ။ ထိုအမျိုးသမီးကသာ တကယ်ပဲ သူ့ညီမလေးကို ရိုက်ရဲခဲ့မယ်ဆိုရင် သူကလည်း မလုပ်ရဲစရာ ဘာအကြောင်းမှမရှိနေချေ။

ကုန်သည်ချင်၏ဒုတိယဇနီးကတော့ ပိုင်လီရဲ့စကားကိုကြားအပြီးမှာ ပိုင်မိန့် မျက်နှာရှေ့က သူမလက်ကိုချက်ခြင်းဖယ်လိုက်မိ၏။ နောက်မှ သူမက ဒါကသပ်သပ် ခြိမ်းခြောက်နေတာဖြစ်နိုင်ပြီး သူမက ကုန်သည်ချင်ရဲ့ဒုတိယဇနီးပဲကို ပိုင်လီက တကယ်မလုပ်ရဲနိုင်ပါဘူးဟု တွေးမိကာ အနည်းငယ်အကြောက်ပြေသွားပေသည်။ ဒါပေမယ့် သူမလက်ကိုတော့ ထပ်မမြှောက်တော့ပါဘူး။

သူမက...

"ဟမ့်!... ငါက ဒုတိယဇနီးဆိုရင်ရော ဘာဖြစ်လဲ ငါက နင်တို့နင်တို့ထက် ကောင်းကောင်းနေရတယ်လေ! ငါ့ရဲ့ခင်ပွန်းက ဒီမြို့က ကုန်သည်ကြီးတစ်ယောက်ဖြစ်တဲ့ ကုန်သည်ချင်ပဲ နင်တို့ ငါ့ကိုဖိနှိပ်ရဲသေးလား!!"

ဒါကိုကြားတော့ အမျိုးသမီးစန်းက ဟွန့်ကနဲလုပ်လိုက်ပြီး ဘာမှမပြောတော့သော်လည်း ပိုင်မိန်ကမူကုန်သည်ချင်ကို သိမနေပေ။ ဒါကြောင့်ညသူမလေးက လုံးဝကို မကြောက်ပါဘူး။

"ဘာကုန်သည်ချင်လဲ! ဘာနဲ့လာခြောက်ချင်နေတာလဲ! ဒီမှာ ရှင့်ခင်ပွန်းက ကုန်သည်ကြီးတစ်ယောက်ဆိုရင် သေချာတာပေါ့ ကျွန်မရဲ့ဒုတိယအကိုဆီက ဝက်ဝံသားဝယ်ဖူးမယ်ဆိုတာ! ကျွန်မအစ်ကို ကျေးဇူးကြောင့် ရှင့်အိမ်ကလူက ဧကရာဇ်ကတောင် တန်ဖိုးထားရတဲ့ ဝက်ဝံသားကို စားဖူးသွားတာနော်! ကျွန်မအစ်ကိုကိုတောင် ကျေးဇူးတင်နေရမှာ! ဒါမှမဟုတ် ရှင့်ခင်ပွန်းက ဝက်ဝံသားမဝယ်နိုင်တဲ့အထိ မွဲတေနေတာလည်းဖြစ်နိုင်တာပဲ! အဲနှစ်ခုပဲရှိတာကို ဘာတွေလာခြောက်နေတာလဲ!! ရှင်ကသာ ဝက်ဝံကိုတောင် အမဲလိုက်နိုင်ခဲ့တဲ့ ကျွန်မအစ်ကိုကို ကြောက်ရမှာ! ရှင့်ကိုလည်း ဒီမှာ အမဲဖျက်လိုက်လို့ရတယ်! နားလည်လား!!"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now