အပိုင်း (၁၁၃)

7.6K 929 3
                                    

အပိုင်း (၁၁၃) သာယာသောမနက်ခင်းအခါဝယ်

ပိုင်လီက နှင်းများတဖွဲဖွဲကျနေသည့် အပြင်တွင်ထိုင်နေသည်မှာ အကြောင်းရင်းရှိပေသည်။ သူက သူ့ခန္ဓာကိုယ်ရဲ့ခံနိုင်ရည်ကို အနည်းငယ် စမ်းသပ်ကြည့်ချင်နေတာပါ။

ဖြစ်ပျက်ခဲ့ပြီးတဲ့ ကိစ္စတွေအရ ပိုင်လီက သူ့ခန္ဓာကိုယ်၏ခွန်အားမှာ ပုံမှန်မဖြစ်နိုင်ကြောင်း သတိထားမိပြီးဖြစ်သလို ဒါကိုသူက သိပ်အရေးမထားခဲ့ခြင်းသာဖြစ်သည်။ အခုလည်း အရေးထားတာရယ်လို့ မဟုတ်ပါဘူး။ သူက တစ်ဖက်မှာသေပြီး နောက်ဘဝတစ်ခုကိုတောင် ကူးလာခဲ့ပြီးမှတော့ ကြုံသမျှကို သိပ်အထူးဆန်းမဖြစ်တော့ဘူး။ သူက ဒီတိုင်း သူအိမ်ကကောလေးတွေ နိုးလာတာကိုစောင့်ရင်းနဲ့ သူ နှင်းတွေကြားမှာ အအေးဒဏ်ကို ဘယ်အချိန်လောက်ထိခံပြီး နေနိုင်မလဲကို စမ်းသပ်ကြည့်ချင်နေရုံပါပဲ။

ဘာလို့ဆို သူတစ်ယောက်ထဲပျင်းနေလို့လေ။

သူက နှင်းတွေထဲ ထိုင်နေချိန်မှာ မအေးတာတော့မဟုတ်ဘဲ အအေးဒဏ်ကိုခံစားရပေမယ့် အဲတာကသူ့ကို မခံမရပ်နိုင် အေးလာတာမျိုးထိ မခံစားရရုံသာပင်။ နောက်တော့ သူ့အဝတ်များက နှင်းများကြောင့်စိုရွှဲသွား၍ ရှောင်ဟန်နိုးမလာခင် အဝတ်လဲဖို့ထလာခဲ့သော်လည်း အိမ်လေးထဲအဝင်၌ ထွက်လာသည့် ရှောင်ဟန်နှင့် ထိပ်တိုက်တိုးသွားခဲ့ပြီး ရှောင်ဟန်က ချက်ခြင်းပြောလာခဲ့တော့သည်။

"ခင်ဗျား နှင်းတွေထဲ ထိုင်နေပြန်ပြီလား"

ရှောင်ဟန်မှာ နိုးနိုးချင်း အိမ်လေးထဲသို့ ဝေ့ဝိုက်ကြည့်ခဲ့သော်လည်း ပိုင်လီကိုရှာမတွေ့ခဲ့၍ ထိုလူကအပြင်မှာထိုင်နေပြန်ပြီမှန်း ခန့်မှန်းမိခဲ့ကာ ထွက်ကြည့်ခြင်းပင်။ သူ့မျက်နှာလေးက အနည်းငယ်မကောင်းဖြစ်နေပြီး သူက ပိုင်လီရဲ့ နှင်းစိုနေတဲ့အဝတ်တွေကိုတွေ့ချိန်မှာ ထပ်ပြောလိုက်ပါတယ်။

"ခင်ဗျားဘာလို့ နှင်းတွေထဲ ထိုင်ရတာကိုကြိုက်ရတာလဲ အအေးမိမှာ မကြောက်ဘူးလား ဒီလောက်အေးနေတာကို"

ပိုင်လီက သူ့အား ပြောမရသည့်ကလေးလိုသဘောထားကြည့်နေသည့် ကောင်လေးအား ပြန်ကြည့်ကာ ပြုံးလိုက်ပြီး အိမ်ထဲသို့ပြန်ခေါ်သွားလိုက်ကာဖြင့်...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now