အပိုင်း (၃၁)

11.7K 1.5K 51
                                    

အပိုင်း (၃၁) မုဆိုးကြီးနွေးထွေးသောမိသားစု-2

ရှောင်ဟန်က ဘယ်လိုလုပ်များ ငြင်းလို့ရတော့မှာလဲ။ ဒီကရှေ့လေးတင်လဲ ပိုင်လီကအတင်းဝတိထားဖို့ပြောခဲ့တဲ့ဟာ။ ဒါကြောင့်သူက မငြင်းဆန်ခဲ့တော့ချေ။

ပိုင်အမေက သူတို့လေးတွေရဲ့ပစ္စည်းတွေကိုတွေ့ပြီးသော်လည်း ငွေထည်ဘီးကိုလက်ခံဖို့ အနည်းငယ်ခက်ခဲနေတုန်းပင်။ ဒါကိုမြင်တော့ ပိုင်လီက စိတ်မကောင်းဖြစ်ဟန်ဖြင့်...

"အမေ ကျွန်တော်ကပြီးခဲ့တဲ့နှစ်တွေမှာမလိမ္မာခဲ့ဘူး အမေက ကျွန်တော့်ကိုတောင်းပန်ဖို့အခွင့်ရေးလေးတောင်မပေးတော့ဘူးလား"

ဒါသည် ဆိုးခဲ့သမျှအတွက်တောင်းပန်သည့်လက်ဆောင်တစ်ခုဟု ပိုင်အမေအနေနဲ့သတ်မှတ်နိုင်သည်။ သူကမူလပိုင်လီမဟုတ်ပေမယ့်လည်း မူလပိုင်လီရဲ့ခန္ဓာကိုယ်ကိုယူထားမှတော့ ၎င်းလုပ်ခဲ့သမျှကိုတာဝန်ယူရတော့မှာပါပဲ။

ဒါကိုကြားတော့ ပိုင်အမေကငြင်းဆန်ဖို့တွန့်ဆုတ်သွားပြီး ပိုင်မိန်ကလည်း ဝင်ပြောပေးလာသည်။

"ဟုတ်သားပဲ အမေကလည်း ဒုတိယအကိုကဝယ်လာထဲက ဒါလေးကိုအမေ့အတွက်လို့ရည်ရွယ်လာတဲ့ဟာ အမေလက်မခံရင်စိတ်ကောင်းဖြစ်နေမှာပေါ့ ပြီးတော့ ဒီဘီးလေးကအမေနဲ့အရမ်းလိုက်တာနော်"

ပိုင်ဝူသည်လည်း ပိုင်လွအတွက်စကားအနည်းငယ်ဝင်ပြောပေးခဲ့ကာ...

"အမှန်ပဲအမေရေ အမေကဒီဘီးလေးပန်ထားတော့ ဆယ်နှစ်လောက်တောင်နုပျိုသွားသလိုပဲဗျာ"

ပိုင်အမေက ဒါကိုကြားတော့ ရယ်မောလိုက်မိကာ...

"ဒီကောင်လေးကတော့! လူတွေရယ်မှာမကြောက်ဘူးလား လျောက်ပြောနေတယ်"

ပိုင်ဝူကတော့ လက်မခံပဲ...

"ကျွန်တော်တကယ်ပြောနေတာပါနော် မယုံရင်အမေ အကိုကြီးကိုမေးကြည့်လေ"

အနေအေးသော ပိုင်ကျန်းသည်စကားဝိုင်းထဲဆွဲထည့်ခံလိုက်ရပြီး ဝင်ပြောပေးခဲ့ရသည်။

"ဟုတ်ပါတယ် ဒီဘီးကအမေနဲ့အရမ်းလိုက်တယ် ဒုတိယပျော်သွားအောင်အမေလက်ခံလိုက်သင့်တယ်"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now