အပိုင်း (၁၂၇)

5.9K 844 17
                                    

အပိုင်း (၁၂၇) ဇနီးလေးရွေးပေးသည့်လက်ဆောင် -2

ကုန်သည်ချင်၏ ဇနီးအနေနှင့် မည်မျှစိတ်အနှောက်ယှက် ဖြစ်နေပါစေ တစ်ဖက်ရှိလူများသည်ဘသူမအား လုံးဝဂရုမစိုက်ကျပေ။

အသေးလေးတွေက သူတို့အဖေစကားကြောင့်လက်ကောက်ကို ပေးကြည့်ခိုင်းခဲ့ကျပြီး ထိုလက်ကောက်သည် ခရမ်းရောက်ကျောက်စိမ်းနှင့်ပြုလုပ်ထား၍ မျက်နှာပြင်ပတ်လည်လုံး၌ မက်မွန်ပွင့်သဏ္ဍာန် ပန်းပွင့်လေးများကို ဖောင်းကြွပုံစံလေးဖြင့် ပုံဖော်ထားတာဖြစ်သည်။

ခြုံငုံပြောရရင် ထိုလက်ကောက်လေးက တကယ်ကိုအရမ်းလှပတာပါပဲ။ ဒါကြောင့် ပိုင်လီက အသေးလေးတွေအား မေးလိုက်တော့၏။

"သားတို့က ဒီလက်ကောက်လေးကိုကြိုက်လား လိုချင်လား "

အသေးလေးများ၏ အဖြေကလည်း မဆိုင်းမတွပါပင်။

"သား လိုချင်ပါတယ်!"

"သားရော! အဖေ သားရောလိုချင်တယ်!"

ထို့ကြောင့် ပိုင်လီကလည်း တွန့်ဆုတ်မနေဘဲ အမျိုးသမီးစန်းကို မေးလိုက်တော့၏။

"အမျိုးသမီးစန်း ဒါမျိုးက ဆင်တူရှိသေးလား"

အမျိုးသမီးစန်းသည် အလွန်ကိုပြုံးရွှင်နေပါသည်။ သူမက...

"ဘာလို့မရှိရမှာလဲ ပုံစံတူ လေးငါးကွင်းထိ ရှိပါတယ် မုဆိုးပိုင် ဘယ်လောက်လိုချင်လဲသာ ပြောလိုက်ပါ"

ဒါကိုကြားတော့ ပိုင်လီသည် လက်ကောက်အားအသေးလေးတွေထံ ပြန်ပေးလိုက်ပြီး မှာပေးလိုက်သည်။

"ကျွန်တော် နှစ်ရံ(လေးကွင်း)ယူမယ်"

ပြီးနောက် သူက ပိုင်မိန်အား လှမ်းကြည့်လိုက်၍...

"ရှောင်မိန်ရော ဒါကိုကြိုက်လား တစ်ရံလောက်ယူမလား"

ပိုင်မိန်သည် လက်ကောက်၏ ဒီဇိုင်းကို အမှန်ပင်ကြိုက်ပေသည်။ ဒါပေမယ့် သူမက အရောင်ကိုတော့ သိပ်မကြိုက်တာကြောင့် ....

"ညီမက လက်ကောက်ပုံစံလေးကိုတော့ ကြိုက်ပါတယ် ဒါပေမယ့် အရောင်က တခြားအရောင်လေးဆိုပိုလှမလားလို့လေ "

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now