အပိုင်း (၁၁၁)

7.1K 934 6
                                    

အပိုင်း (၁၁၁) လူအသေးလေးများ၏ မီးပုံးပွဲတော်ချိန်းဆိုချက်

နောက်တော့ နုတ်ဆက်ချိန်ကို ရောက်လာခဲပြီဖြစ်သည်။

အချိန်က နှစ်ရက်ပဲကြာခဲ့တယ်ဆိုပေမယ့်လည်းကလေးတွေကတော့ ခွဲခွာဖို့ကို တွန့်ဆုတ်နေကျတုန်းပါပဲ။

ရှောင်ဖူနဲ့ရှောင်ဝူလေးက ချောင်ချင်းချင်းအား လက်လေးတွေဝေ့ရမ်းပြခဲ့ကျပြီး...

"မမချင်းချင်း နောက်လည်းလာခဲ့နော်"

"ဟုတ်တယ် ဟုတ်တယ် နောက်ထပ်လာခဲ့ပါ "

ချောင်ချင်းချင်းသည် သူမအား နုတ်ဆက်စကားပြောနေသည့် ကလေးသေးသေးလေးတွေကိုကြည့်ကာ မခွဲချင်သေးသဖြင့် ဝမ်းနည်းလာခဲ့တော့သည်။ သူမသိပါတယ်။ သူမတို့ပြန်သွားပြီးရင် ခဏလေးနဲ့ ဒီကို အလည်ပြန်မလာနိုင်လောက်ဘူး ဆိုတာကိုပေါ့။ ဒီတစ်ခေါက်တောင်မှ သူမရဲ့မိဘတွေက စံပါယ်ပင်လေးကို အဝေးပို့လိုက်တာကြောင့်သာ သူမကိုနှစ်သိမ့်ဖို့အတွက် လိုက်ပို့ပေးခဲ့တာလေ။

ချောင်ချင်းချင်းသည် ငိုမဲ့မဲ့နှင့် သူမ၏ ခါး၌ချိတ်ထားသော အိတ်လေးကို ဖြုတ်လိုက်ကာ အထဲမှ ရွှေလက်ကောက်လေးနှစ်ခုကို ထုတ်လိုက်ကာ ပိုင်လီအားမော့ကြည့်၍...

"ဦးဦးပိုင် သမီး ဒီလက်ကောက်လေးတွေကို အသေးလေးတွေကို လက်ဆောင်ပေးလို့ရလားဟင်"

ချောင်ချင်းချင်း၏ လက်ထဲရှိ လက်ကောက်နှစ်ကွင်းသည် ကလေးဝတ်လေးများဖြစ်၍ ဆင်တူပြီး တစ်ရံလာသောပုံလေးဖြစ်သည်။ သူမရဲ့အဖေမှာ မိတ်ဆွေတွေ အများကြီးရှိတာကြောင့် ချောင်ချင်းချင်းမှာသူမမိဘတွေ ဝယ်ပေးတဲ့ပစ္စည်းတွေနဲ့ သူမမိဘတွေရဲ့ မိတ်ဆွေတွေက ပေးတဲ့ပစ္စည်းတွေရော အများကြီးရှိပါတယ်။ သူမလေးက ဒီလက်ကောက်လေးတွေကို ပိုင်လီပြန်သွားထဲက ပေါက်စီလေးတွေအတွက်ဆိုပြီး လက်ဆောင်ပေးဖို့ ရွေးထားခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်နှစ်ရက်က အဆော့လွန်နေ၍ ပေးဖို့မေ့နေခဲ့ခြင်းသာဖြစ်သည်။

ပိုင်လီက ရွှေလက်ကောက်လေးတွေကို တစ်ချက်ကြည့်လိုက်ပြီး ချောင်ချင်းချင်း၏ခေါင်းလေးကို ပုတ်ပေးလိုက်ကာဖြင့်....

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now