အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု

10.3K 1.4K 30
                                    

အပိုင်း (၂၁) မုဆိုးကြီး၏နေအိမ်ဖောက်ထွင်းခံရမှု

ပိုင်ဝူစကားကြောင့် ပိုင်လီ၏မျက်ခုံးတို့ကမြင့်တတ်သွားခဲ့၏။ သူက ဒေါ်လေးရုံဆိုသူကိုသိသည်။ ထိုအမျိုးသမီးက ပိုင်အမေထက်ငယ်ပြီး သူတို့ဘေးအိမ်ကရုံမိသားစု၏ဇနီးဖြစ်ကာ ရှောင်ဟန်ကို ရေသယ်ခွင့်ပေးထားသည့်အိမ်လည်းဖြစ်၏။

ဒါကြောင့် ရုံရှီမြင်လိုက်တယ်ဆိုတာက ယုတ္တိရှိပါတယ်။ သူတို့အိမ်တွေက ကပ်ရပ်ဖြစ်ပြီး ပိုင်လီတို့အိမ်က ခြံခတ်ထားခြင်းမှမရှိတဲ့ဟာကို။

ပိုင်ဝူ၏စကားသည် ဤမျှနှင့်အဆုံးမသတ်သေးပဲ ဆက်ပြောလာ၏။

"ဒါကြောင့် အဖေနဲ့အမေက ဦးလေးကျန်းကိုသွားပြောခဲ့ပြီး ဦးလေးကျန်းက ရှောင်အိမ်၊ပိုင်အိမ်နဲ့ ရုံအိမ်ကလူတွေကို ခေါ်ပြီး စစ်မေးခဲ့တယ်"

ပိုင်လီအိမ်လေးကသေးပေမယ့် ပျောက်သွားတဲ့ပစ္စည်းတွေကမသေးပါဘူး။ ဆန်ချောကျင်ငါးဆယ်အိတ်ကြီးအပါဝင် အဲဒီနေ့ကပိုင်လီမြို့လေးကနေ လှည်းအပြည့်ဝယ်လာတာကို မြင်လိုက်တဲ့သူတွေအများကြီးရှိပြီး ရွာအကြီးကဲမိသားစုလည်း မြင်လိုက်တဲ့လူတွေထဲပါဝင်တယ်လေ။

ပိုင်ဝူက ဆက်ပြောသည်။

"ဒေါ်လေးရုံက သူတို့တွေ အကိုတို့အိမ်ထဲကနေ အထုတ်တွေသယ်ပြီး အနောက်လမ်းဘက်ကနေထွက်သွားတာတွေ့လိုက်တယ်လို့ အခိုင်မာပြောခဲ့ပေမယ့် လဲ့ရှီနဲ့ရှောင်မိသားစုဝင်တွေကငြင်းခဲ့တယ် လဲ့ရှီက သူအကိုတို့အိမ်ကိုလာခဲ့တာမှန်ပေမယ့် တံခါးပိတ်ထားလို့ လှည့်ပြန်သွားတယ်လို့ပြောခဲ့ပြီး ပစ္စည်းတွေပျောက်တာမှန်ရင် ဒေါ်လေးရုံကသာယူတဲ့လူဖြစ်ပြီး သူမကိုစွပ်စွဲခဲ့တာလို့ ပြန်လည်ချေပခဲ့တယ်"

ပိုင်လီ၏ မူပိုင်အပြုံးလေးက တဖြေးဖြေးပါးလွှာလာခဲ့၏။ ဇာက်လမ်းက အစပိုင်းမှာရှင်းတယ်ထင်ရပေမယ့် နည်းနည်းရှုပ်ထွေးသွားပုံလည်းရသည်။

ဒီကိစ္စကိုစဥ်းစားချင်လျှင် ရုံမိသားစု၏အခြေနေကိုထည့်သွင်းစဥ်းစားရမည်။ ပိုင်မိသားစုက နန်ချောင်းရွာမှာအပြေလည်ဆုံးဆိုရင် ဒီရုံမိသားစုက နန်ချောင်းရွာမှာအဆင်းရဲဆုံးပါပဲ။ သူတို့တွင် စပါးစိုက်ရန်လယ်မြေရော၊အသီးရွက်စိုက်ရန်မြေကွက်ရောမရှိပေ။ ဒါကြောင့် ရုံမိသားစု၏ဦးစီး ရုံခန်းက နှစ်ရှည်လများအလုပ်ကြိုးစားကာ လယ်မြေဝယ်ရန်ငွေစုခဲ့သော်လည်း ဆိပ်ကမ်းတွင်ကုန်ချရင်း ပစ္စည်းတစ်ခုကိုချိုးမိသဖြင့် လျော်ကြေးငွေအမြောက်များပေးခဲ့ရကာ ကြွေးမှီများပင်တင်သွားခဲ့ပြီး ရုံမိသားစု၏ဘဝကပိုမိုခက်ခဲလာခဲ့သည်။ ရုံခန်းနဲ့ ယုလုံ(ရုံရှီ) မှာ ရုံဟိန်ဆိုသည့် ဆယ့်ရှစ်နှစ်အရွယ်သားတစ်ယောက်နှင့် ရုံဝိန်ဆိုသည့် ဆယ့်ငါးနှစ်အရွယ်သားတစ်ယောက်ရှိသော်လည်း အလွန်ဆင်းရဲသဖြင့် နှစ်ယောက်လုံးက လက်မထပ်နိုင်ကျသေးပေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now