နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း

10.6K 1.4K 25
                                    

အပိုင်း (၄၁) နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း

ထိုနေ့ညနေခင်းတွင် ပိုင်လီက ပိုင်ကျန်းနဲ့အတူမြို့လေးကိုသွားခဲ့ပြီး သူ့အိမ်အတွက်တံခါးသွားမှာခဲ့ကာ အပြန်တွင် ဝက်သားအများကြီးဝင်ဝယ်လာခဲ့သည်။ သူက ဝက်သားဆားနယ်ခြောက်တွေလုပ်ဖို့စိတ်ကူးထားလို့ပါပဲ။ တကယ်တော့ ဒီရက်ပိုင်းတွေက အရမ်းမအေးသေးလို့ သူ့မှာအမဲလိုက်ချိန်ရှိသေးပေမယ့် ဝက်သားဆားနယ်ခြောက်တွေကလည်းအရသာရှိတာပဲလေ။ တောကောင်သားရော၊ ဝက်သားရောရှိနေတော့ပိုမကောင်းဘူးလား။

သို့ဖြင့် ရွာပြန်ရောက်ချိန်တွင် ပိုင်လီက ဝက်သားဆားနယ်ခြောက်တွေကိုပြုလုပ်ခဲ့ပြီး ညစာကို ပိုင်မိသားစုနှင့်အတူ ဝက်သားသုံးထပ်သားကင်လုပ်စားခဲ့ကာ နေ့တစ်နေ့ကိုချောမွေ့စွာအဆုံးသတ်ခဲ့လိုက်သည်။ သူထင်တာက ဟွမ်ဟွာကလူတွေသူ့ကိုပြဿနာလာမရှာမခြင်း သူအေးချမ်းနေဦးမယ်လို့ပေါ့။ သူ့မှာအေးအေးဆေးဆေးနေဖို့ အချိန်အနည်းငယ်တော့ ရှိလိမ့်ဦးမယ်လို့ထင်ထားခဲ့ပေမယ့်လည်း နောက်တစ်နေ့မနက် သူအမဲလိုက်မသွားခင်မှာပင် ရွာသားတချို့က သူ့ကိုလာရှာလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့ပေ။

ဒီရွာသားတွေက ပိုင်လီအိမ်မှာ နံရံကူဆောက်ဖို့ခေါ်ထားတဲ့လူတွေမဟုတ်ပါဘူး။ ဒါကြောင့် ပိုင်လီကသူတို့နဲ့မရင်းနှီးဘူး။ သိတဲ့အတိုင်း မူလပိုင်လီက ရွာရဲ့အမှိုက်ဆိုတော့ ရွာထဲမှာ ရွယ်တူတောင် အပေါင်းသင်းမရှိဘူးလေ။ သူ့အိမ်မှာ ကူလုပ်တဲ့လူတွေကိုတောင်မှ ရုံးတော်ကိုအတူသွားခဲ့တာကြောင့်သာ သိခဲ့တယ်ဆိုရုံဖြစ်ပြီး နောက်ပိုင်း သူ့အိမ်မှာအတူတူအလုပ်လုပ်နေကျလို့သာ အနည်းရင်းနှီးသွားကျတာဖြစ်သည်။  ဒါကြောင့် ရှင်းလင်းစွာနဲ့ပဲ ပိုင်လီက ဒီရုတ်တရက်ရောက်လာတဲ့လူတွေနဲ့ မရင်းနှီးလှပါဘူး။

သို့သော် တစ်ရွာထဲသားများဖြစ်လေရာ သူတို့က သူ့ကိုလာရှာဆိုမှတော့ သူလည်းဝတ္တရားအရမေးခဲ့ရတော့သည်။

"အိုး... ဒီကအကိုတို့ မနက်စောစောပါလား ဘာများဖြစ်လို့လဲဗျ"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now