ဇနီးလေးအားချော့မြူခြင်း

6.6K 934 10
                                    

အပိုင်း (၁၂၂) ဇနီးလေးအားချော့မြူခြင်း

ပိုင်လီမှာ စားစရာများအား တခြားသူများ၏ အခန်းများထံသို့ တည်းခိုအိမ်က အလုပ်သမားများကို သွားပို့ခိုင်းလိုက်ပြီး သူနှင့်ရှောင်ဟန်အတွက်မူ သူကိုယ်တိုင် ယူဆောင်သွားခဲ့လေသည်။

ဒီနေ့ သူတို့ သိပ်စားဖြစ်မှာမဟုတ်မှန်း ရိပ်မိနေလို့ သူယူသွားတဲ့စားစရာတွေက ပေါ့ပေါ့ပါးပါးတွေချည်းပါပဲ။ ပိုင်လီက စားစရာဗန်းကိုကိုင်ကာ စိတ်ကောက်နေတဲ့ သူ့ဇနီးလေးရှိရာအခန်းဆီ ချည်းကပ်သွားလိုက်ပြီး သူကပြောမည့်စကားလုံးများကိုလည်း အသည်းသန်စဥ်းစားနေခဲ့ပေသည်။

ပိုင်လီက အခန်းရှေ့ရောက်တော့ အခန်းတံခါးက ပိတ်ထားခြင်းမရှိတာကို တွေ့ခဲ့ရတာကြောင့် ခန္ဓာကိုယ်ဖြင့်အသာတွန့်ဝင်သွားလိုက်ကာ ရှောင်ဟန်က အခန်းထဲကစားပွဲဝိုင်းမှာတစ်ယောက်ထဲထိုင်နေသည်ကိုတွေ့ခဲ့ရသည်။ ထိုကောင်လေးက လူဝင်လာတာကြောင့် မော့ကြည့်လာပေမယ့် ပိုင်လီဖြစ်နေတာတွေ့သွားတော့ ခေါင်းပြန်ငုံ့သွားခဲ့တာကြောင့် ပိုင်လီက သက်ပြင်းဖွဖွချလိုက်မိ၏။

ကုန်သွားခဲ့တဲ့ ရက်တွေနဲ့လတွေအပြီးမှာ သူနဲ့ရှောင်ဟန်က အရမ်းအဆင်ပြေလာခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့က ခင်ပွန်းနဲ့ဇနီးပဲလေ။ သူတို့မှာ သားလေးတွေလည်းရှိသေးပြီး နေ့တိုင်း တွေ့နေရတာနဲ့ ပြောဆိုဆက်ဆံရတာက ရှောင်လွဲလို့မှ မရနိုင်တာ။ ဒါကြောင့် သူတို့တွေက အချိန်ကြာလာတာနဲ့အမျှ ပိုပြေလည်လာခဲ့တယ်။

ဒါပေမယ့် ကြည့် သူတို့တွေပြေလည်တာမှဘယ်လောက်မှ မကြာသေးဘူး သူက ဇနီးလေးကိုစိတ်ဆိုးအောင်လုပ်လိုက်မိပြီ။

ပိုင်လီက စားပွဲဆီသို့ တိတ်တဆိတ်ချည်းကပ်သွားလိုက်၍ ဗန်းကိုအသာတင်လိုက်ပြီးမှ စိတ်ကိုပြင်ဆင်ကာ အခန်းထဲကကောင်လေးအား ခေါ်လိုက်လေသည်။

"ရှောင်ဟန်..."

သို့သော် ရှောင်ဟန်ကမူ သူ့ကိုမော့ကြည့်မလာခဲ့ပေ။ ဒါက ရှောင်ဟန် လုံးဝ စိတ်အခြေနေ မကောင်းဘူးဆိုတာကို ပြနေတာပဲ။ မဟုတ်ရင် ရှောင်ဟန်ကဘယ်လောက်စိတ်ဆိုးနေနေ ပိုင်လီခေါ်တာကို မတုန့်ပြန်ဘဲ နေရဲမှာမဟုတ်ဘူးလေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now