စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ

16.5K 1.6K 36
                                    

အပိုင်း (၂) စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ

ပိုင်လီ စားပြီးသောအခါတွင် အသေးလေးများသည် ရှောင်ဟန်အနီး၌ ပြန်ကပ်နေကျသည်ကိုတွေ့ခဲ့ရပြီး ရှောင်ဟန်သည်လည်း ပြန်အိပ်ပျော်သွားပြီဖြစ်သည်။

အချိန်မှာ နေ့တစ်ဝက်ပင်မကျိုးသေးလေရာ ပိုင်လီတစ်ယောက် တွေးဆဆဖြင့် ရွာအကြီးကဲ၏အိမ်ဘက်သို့ထွက်လာခဲ့၏။

ပိုင်လီ၏အရင်ဘဝတွင် သူ့မိသားစုသည် ချမ်းသာသည့်အသိုင်းဝိုင်းမှဖြစ်ပြီး ပိုင်လီသည် ကိုယ်လက်လှုပ်ရှားခြင်းကိုအလွန်သဘောကျသောသူဖြစ်ကာ မြှားပြစ်သင်ခဲ့ဖူးသည်။ ထို့နောက် အပေါင်းဖော်များနှင့် အကြိမ်အနည်းငယ်ခန့် အမဲလိုက်လည်းထွက်ခဲ့ဖူး၏။ သူ၏ယခင်ဘဝတွင် အမဲလိုက်ရာ၌ အကန့်သတ်များစွာရှိသော်လည်း ယခုတွင်မူ အလွန်ရှေးကျနေပြီး တောတောင်များစွာပေါများနေလေရာ မည်သည့်အကန့်သတ်မှရှိပုံမရသဖြင့် သူသည် အဘယ့်ကြောင့် အမဲလိုက်မထွက်ပဲနေရမည်နည်း။

သို့သော် ဤကဲ့သို့ရှေးခေတ်တွင် လက်နက်များမှာ အလွန်ရှားပါးပြီး မူလကိုယ်၏အိမ်တွင် လေးနှင့်မြှားများရှိမနေပေ။ မှတ်ညာဏ်များအရ ရွာလူကြီးနှင့်သူ၏သားများသည် လယ်အလုပ်အားလပ်ပါက တောင်ပေါ်တတ်ကာအမဲလိုက်လေ့ရှိသောကြောင့် လေးတစ်လက်လောက်ရှိပုံရလေသည်။ ထို့ကြောင့် သူငှားကြည့်မည်ဟု စိတ်ကူးထား၏။

ပိုင်လီတစ်ယောက် ယောင်လည်လည်နှင့် မှတ်ညာဏ်များနှောက်လိုက်ရင်းမှ ရွာအကြီးကဲ၏အိမ်ရှေ့သို့ရောက်ချိန်တွင် အကြီးကဲ၏ ဇနီး တုမျိုးရိုးနှင့် ထိပ်တိုက်တိုးလေသည်။ ထို့ကြောင့်သူသည် အပြုံးလေးဖြင့်နုတ်ဆက်လိုက်တော့၏။

"ဒေါ်လေးတု.."

မှတ်ညာဏ်များအရဆိုလျှင် မူလကိုယ်သည်လည်း လူတိုင်းအား ဤသို့ပြုံးပြလေ့ရှိကာ ကွာခြားသည်မှာ ပိုင်လီ၏အပြုံးသည်ရိုးရှင်းပြီး မူလကိုယ်၏အပြုံးသည် ကောက်ကျစ်စဥ်းလဲမှုတို့ဖြင့်ပြည့်နေတတ်သည်။ သို့သော် အကြီးကဲ၏ဇနီးကတော့ သူမအမြင်မကြည်သောလူတစ်ယောက်၏အပြုံးက ဖြောင့်သလား၊ကောက်သလားကို ဂရုစိုက်မနေပေ။ သူမသည် ပိုင်အိမ်၏အမှိုက်ကောင်အားမြင်သည်နှင့် ချက်ခြင်းပင်မဲ့ရှုံ့သွားပြီး...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now