အပိုင်း (၅၉)

10.3K 1.4K 21
                                    

အပိုင်း (၅၉) မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ် -2

ပိုင်လီကတော့ ထိုကောင်မလေးက ဘာတွေတွေးနေလဲဆိုတာမသိပေ။ သူက ယွီလျန်ဟွားရဲ့အလယ်ထပ်ကိုတက်လာလိုက်ပြီး ထိုအထပ်သည်ရွှေထည်များနှင့် တခြားအဖိုးတန်ပစ္စည်းများကို ရောင်းချသောအထပ်ပင်။

ထိုအထပ်မှာရှိတဲ့ အရောင်းတာဝန်ခံအမျိုးသမီးက ပိုင်လီကိုမြင်တော့ ပြုံးရွှင်စွာနဲ့...

"အိုက်ယား! မုဆိုးပိုင်ပါလား "

ပိုင်လီက ဒီအမျိုးသမီးက သူ့ကို သိနေဖို့ မမျှော်လင့်ခဲ့ပေမယ့် သိနေတော့လည်း အထွေထူးပြောစရာမလိုတော့ဟု တွေးလိုက်၏။ တာဝန်ခံအမျိုးသမီးကလည်း ပိုင်လီကိုသိနေသည်ဆိုမှတော့ သူမက မနေ့က ပိုင်လီဘယ်လောက်တောင် ငွေဝင်သွားမှန်းသိနေလေရာ ယခုကဲ့သို့ သူမဆိုင်သို့ရောက်လာချိန်တွင် ဒီနေ့တော့အကြီးကြီးရောင်းရတော့မည်ဟုတွေးကာ ပျော်ရွှင်နေတာဖြစ်သည်။

သူမက အရမ်းကိုဖော်ရွေစွာနဲ့ ....

"အရင်ထိုင်ပါဦး.."

ပိုင်လီက ဒီအမျိုးသမီးရဲ့ဖော်ရွေမှုကို နားလည်တဲ့အတွက် ခုံမှာဝင်ထိုင်လိုက်ပြီး ဤအထပ်သည် ကြွယ်ဝသည့်လူများအတွက်သာ ရည်ရွယ်ထားသည်ဖြစ်လို့ ဧည့်သည်များထိုင်ဖို့ပြင်ဆင်ထားသည့်ခုံများကပင် ခမ်းနားလှပနေခဲ့သည်။ ဒါပေမယ့် အပြင်အဆင်တွေက အမျိုးသမီးတွေရဲ့အကြိုက် တလက်လက်ဖြစ်လွန်းတာကြောင့် ပိုင်လီတို့လို ယောင်္ကျားကြီးတွေအတွက်တော့ သိပ်အဆင်မပြေလှဘူး။

တာဝန်ခံအမျိုးသမီးက ချက်ခြင်းဘာမှမပြောသေးဘဲ တူညီသည့်ပန်းရောင်အင်္ကျီဝတ်ထားသော ဆယ်ကျော်သက်အရွယ် ကောင်မလေးနှစ်ယောက်က တစ်ယောက်က လက်ဖက်ရည်ဗန်းကိုသယ်လာပြီး တစ်ယောက်က အဆာပြေမုန့်ဗန်းသယ်လာကာ ပိုင်လီအတွက်ပါ လက်ဖက်ရည်ငှဲ့ပေးသွားသဖြင့် ပိုင်လီတိတ်တဆိတ်မျက်ခုံးပင့်မိခဲ့၏။ သူက တလျောက်လုံးမှာ သူရောက်နေတဲ့ဒီနေရာက အရမ်းကိုရှေးကျလွန်းပြီး ဘာမှသိပ်မရှိသေးဘူးလို့ ထင်ခဲပေမယ့် ဒီလိုမျိုး ရတနာဆိုင်တွေမှာ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေရှိနေမယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမယ့် ပြန်တွေးကြည့်ပြီးနောက်မှာတော့ ဒါက ဒီလိုဆိုင်မျိုးတွေကိုမကြာခဏလာတက်တဲ့ သခင်မတွေနဲ့သခင်မလေးတွေ စိတ်ကျေနပ်အောင် လုပ်ပေးတာမျိုးမှန်း သဘောပေါက်သွားခဲ့တော့သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now