အပိုင်း (၄၆)

10.4K 1.4K 40
                                    

အပိုင်း (၄၆) မုဆိုးကြီးအား ဒုတိယဇနီးယူရန်တိုက်တွန်းကျခြင်း -3

ထိုနေ့အပြီး သုံးရက်ခန့်ကြာသွားခဲ့ပြီဖြစ်သည်။

မနေ့ကပင် ပိုင်လီအိမ်က အုတ်တံတိုင်းနံရံဆောက်ခြင်းက ပြီးဆုံးသွားခဲ့ပြီး ပိုင်လီက သာမာန်ထက် နံရံကိုအနည်းငယ်ပိုမြင့်ထားခဲ့တာဖြစ်လို့ အပြင်ကလူများက အိမ်ထဲသို့ချောင်းကြည့်ရန်ပင် လွယ်တော့မည်မဟုတ်ပေ။  အခုတော့ ပိုင်လီရဲ့တဲအိမ်လေးက လုံခြုံတဲ့အကာရံရှိသွားခဲ့ပြီဖြစ်၏။

သူတို့ရဲ့ သေးငယ်တဲ့ တဲအိမ်လေးနှင့်ယှဥ်လိုက်လျှင် ဒီခြံဝန်းနံရံက မလိုက်ဖက်ကာ ကောင်းလွန်းနေသော်လည်း သိပ်မကြာခင်မှာပင် ပိုင်လီက ဒီတံတိုင်းနဲ့လိုက်ဖက်တဲ့ အိမ်အသစ်ဆောက်ရန်ကို တွေးထားခဲ့ပြီးလည်းဖြစ်သည်။

ဒီသုံးရက်လုံးတွင် ပိုင်လီက တောထဲသို့ထပ်မသွားခဲ့ပေ။ သူက အိမ်မှာ ကျန်နေတဲ့သစ်မာသားတွေကိုသုံးပြီး အိမ်ရှေ့တွင်ထားဖို့ စားပွဲဝိုင်းအသစ်တစ်ခုလုပ်ခဲ့ကာ အသေးလေးအတွက်လည်း နောက်မှီပါသည် သစ်သားခုံဝိုင်းသေးသေးလေးတွေ လုပ်ပေးခဲ့ပြီး အသေးလေးတွေက ဒီခုံလေးတွေကို အရမ်းသဘောကျကာနေ၏။ ခုံလေးတွေက ပေါ့ပေါ့ပါးပါးနဲ့မလို့ သူတို့လေးတွေက သွားလေရာကိုသယ်သွား၍ ကစားတတ်ပြီး အဲတာက စံပါယ်ပန်းပင်အနားကိုပဲဖြစ်ဖြစ် တည်သီးပင်အနားကိုပဲဖြစ်ဖြစ် ထိုခုံလေးတွေကိုသယ်သွားကျကာ နှစ်ယောက်သား အေးအေးဆေးဆေးဆော့ကစားနေလေ့ရှိသည်။ ထပ်စောင်းအနေနဲ့ ပိုင်လီက သူတို့လေးတွေအတွက် ရိုးရှင်းတဲ့ သစ်သားအရုပ်လေးတွေကိုလည်း ပြုလုပ်ပေးခဲ့သေး၏။

ဒီနေ့တွင် ပိုင်လီအိမ်က ကောသေးသေးလေးတွေက အဝါရောင်နုနလေးနှင့် အစိမ်းရောင်အနည်းငယ်ပါရှိသော အဝတ်စားသစ်လေးများကိုဝတ်ဆင်ထားကျကာ ထိုအဝတ်များအကြောင်းပြောရလျှင် လွန်ခဲ့သည့်နှစ်ရက်က ရှောင်ဟန်က ကလေးတွေကိုတစ်ခါဝတ်ပေးခဲ့သေးသည်။ နောက်တော့ တစ်ခုခုစိတ်တိုင်းမကျလို့ထင်၏။ အဝတ်စားများကိုပြန်ယူသွားကာ ယနေ့တော့ ထိုအဝတ်စားသစ်တွေက ကလေးတွေကိုယ်ပေါ်ပြန်ရောက်နေပြီး ထူးခြားချက်အနေနှင့် ရင်ဘတ်နှင့်လက်အနားတွေမှာ ရိုးရှင်းတဲ့အဝါရောင်ပန်းပွင့်သေးသေးလေးတချို့ ပန်းထိုးထားကြောင်းကို ပိုင်လီကရှာတွေ့နိုင်ခဲ့သည်။ ဒီတော့ ရှောင်ဟန်မှာ စိတ်တိုင်းမကျမချင်း ပြန်ပြင်ချင်တဲ့စိတ်လေးရှိကြောင်းကိုလည်း သူသိရှိသွားခဲ့ရ၏။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now