အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ

56K 2.1K 50
                                    

ပိုင်လီသည် မျှစ်များပြည့်နေသော ဝါးခြင်းတောင်းအားလွယ်လျက် တခြားလူများအနီးမှဖြတ်သွားသောအခါတွင် သူ့အားလှောင်ပြောင်နေသံများကိုကြားလိုက်ရသည်။

"အဲဒီအမှိုက်ကောင်က ဝါးနုတွေချိုးပြီးဘာလုပ်မလို့လဲမသိဘူး မဟုတ်မှ သူ့ကောနဲ့ကလေးတွေကိုဝါးနုတွေကျွေးတောမလို့များလား"

"ဟေ့ ဒီကောင်က မွဲတေနေလို့ ဝါးနုတွေချိုးလာရင်တောင် သူ့မိသားစုကိုကျွေးမှာမဟုတ်ဘူးဆိုတာ ငါပြောရဲတယ် သူ့စားဖို့သူချိုးလာတာနေမှာ"

"ထွီ! ဒီအမှိုက်ကောင်ကခုထိအသိတရားမရသေးဘူးပဲ ပိုင်မိသားစုကကန်ထုတ်လိုက်တာကောင်းတယ် သူ့မိသားစုကတော့အနှေးနဲ့အမြန်သေမှာပဲ"

"ဒီမှာ သူကသူ့ကောကိုသေအောင်ပြစ်ထားရင်ထားမှာတော့မှန်လောက်ပေမယ့် သူ့ကလေးနှစ်ယောက်လုံးက ကောလေးတွေလေ ဒီအမှိုက်ကောင်က ကလေးတွေကိုအရွယ်ရောက်အောင်ထားပြီး ရောင်းစားမှာသေချာတယ်"

"ပြောမှ သူ့ကော ရှောင်ဟန်ကိုဟိုနေ့ကမြစ်ထဲငါးသွားဖမ်းခဲ့တာတဲ့ဟယ် ဆောင်းဦးရ​ာေက်တော့မြစ်ရေတွေကအေးနေပြီလေ ပြီးတော့ရှောင်ဟန်က သူနှိပ်စက်သမျှအချိန်ပြည့်ခံနေရလို့ ခန္ဓာကိုယ်ကမကောင်းတော့ဘူး အခုနေမကောင်းဖြစ်နေတယ်လို့ကြားတယ်"

"ဟွန့် ရှောင်ဟန်နေမကောင်းဖြစ်လို့ သူ့ကိုဘယ်သူမှကျွေးမယ့်သူမရှိပဲ အခုလိုဝါးနုတွေချိူးစားနေတာနေမှာပေါ့"

ပိုင်လီသည် စကားအားလုံးအားကြားသော်လည်း ခေါင်းငုံ့ကာသာ ကိုယ့်လမ်းကိုယ်လျောက်သွားလိုက်ပြီး သူ့အနီး​မြေပြင်ပေါ်က တံတွေးများကိုပင် မမြင်ချင်ယောင်ဆောင်သွားလိုက်၏။ သူသည် အဝေးရောက်မှ သက်ပြင်းခိုးချလိုက်နိုင်သည်။

ဤရွာရှိလူများသည် သူ့အားအတော်လေးမုန်းတီးကျပုံရပြီး လုံးဝကိုမျက်နှာသာမပေးကျပေ။ ထိုသို့ဆိုလျှင်တောင် အပြစ်ဆို၍မရနိုင်အောင် မူလကိုယ်ကလည်း အလွန်ဆိုးသွမ်းသောလူဖြစ်ခဲ့တာပင်။

ပိုင်လီသည် ဤမနက်နိုးသောအခါတွင် တခြားလူတစ်ယောက်၏ခန္ဓာကိုယ်ထဲရောက်နေကြောင်းသိလိုက်ရပြီး မရင်းနှီးသောမှတ်ညာဏ်များကိုလက်ခံခဲ့ရ၏။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝUnde poveștirile trăiesc. Descoperă acum