စပျစ်ဝိုင်လက်ဆောင်

5.8K 841 4
                                    

အပိုင်း (၁၁၇) စပျစ်ဝိုင်လက်ဆောင်

ပိုင်လီစကားအဆုံး၌ ဟုန်ရင်းက ချက်ခြင်းပင် ပိုင်မိန်ရှေ့က စားပွဲပေါ်မှ ဝိုင်အိုးလေးလုံးကိုကြည့်မိသွားခဲ့သည်။

သူမက...

"ဝိုင်လား..."

ဟုန်ရင်းမှာ ဝိုင်ဆိုသည်အား ချက်ခြင်းမမှတ်မိနိုင်ခဲ့သော်လည်း စဥ်းစားကြည့်ပြီးနောက် အမြန်ပင် အံသြတကြီးဖြင့် ပြောလာတော့၏။

"ဝိုင်ဆိုတာ.. အဲဒီ အဲဒီ စပျစ်ရည်တွေလား"

ပိုင်လီက ခေါင်းငြိမ့်လိုက်တော့ ဟုန်ရင်းသည် အလွန်စပ်စုချင်သွားတော့သည်။ ဘာလို့လည်းဆိုတော့ သူမက ဒီဝိုင်ဆိုတဲ့ဟာ လုပ်တဲ့အချိန်မှာ စပျစ်သီးချေတဲ့အထဲပါဝင်ခဲ့ပြီး စပျစ်သီးတွေခူးတဲ့ထဲတောင် ပါဝင်ခဲ့တာဖြစ်လို့ ဒီဝိုင်က သူမပါဝင်လုပ်ဆောင်ထားတယ်လို့တောင် ပြောလို့ရတယ်လေ။ သူမက အရမ်းအံသြစွာနဲ့...

"အဲတာက ရပြီလား ဘယ်လိုနေလဲ အဆင်ပြေရဲ့လား"

ပိုင်လီက ဒီမေးခွန်းအတွက်တော့ ဘယ်လိုဖြေရမှန်း တကယ်မသိခဲ့ပေ။ သူက ဒီမနက် အိပ်ယာကနိုးမှ ပြန်စဥ်းစားကြည့်ပြီး ဝိုင်တွေက ဖွင့်လို့ရလောက်ပြီဟု သတိရသွား၍ တစ်အိုးဖောက်ကာ အိုးသေးလေးတွေထဲ ခွဲထည့်လာခဲ့တာလေ။

သူသိတာဆိုလို့ မြင်ခဲ့ရတဲ့ဝိုင်ရဲ့အရောင်ကအတော်လေးလှပြီး အနံ့ကလည်း မွှေးလှတာသာရှိသည်။ ဒါကြောင့် သူက...

"အမှန်တိုင်းပြောရရင် အရသာကိုတော့ ကျွန်တော်တို့လည်းမသိသေးပါဘူး ဒီမနက်မှ အိုးကိုဖောက်ခဲ့တာကြောင့်လေ ဒါပေမယ့် အနံ့နဲ့အရောင်အရတော့ အဆင်ပြေမယ်လို့ ထင်ရပါတယ်"

ဒါကိုကြားတော့ ဟုန်ရင်းမှာ ပိုစိတ်ဝင်စားသွား၍...

"ဟုတ်လား ငါ့ကိုပြကြည့်ပါဦး အဲတာက ဘယ်လိုလေးလဲ"

ရှောင်ဟန်မှာ ပိုင်လီက လက်မအားတာရော ရှေ့မှာရောက်နေတာရောကြောင့် ရှောင်ဟန်ကပဲ ပိုင်မိန်ရှေ့ကဝိုင်တစ်အိုးကို ဟုန်ရင်းထံလှမ်းပေးခဲ့သည်။ ဟုန်ရင်းက ဒီစကားနည်းပြီး အနေအေးတဲ့ကောလေးကို ပြုံးပြလိုက်ပြီး အိုးကိုလှမ်းယူကာ သူမရှေ့ကိုချလိုက်၏။ သူမက ချက်ချင်းအိုးကို ဖွင့်ကြည့်ချင်နေတာတွေ့တော့ ပိုင်လီက...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now