အပိုင်း (၇၆)

10.6K 1.2K 27
                                    

အပိုင်း (၇၆) မုဆိုးကြီး၏ ရုံးတော်သို့တတိယအကြိမ်မြောက်ခရီး

"အကြီးဆုံးအကိုရဲ့သဘောက ဒီလိုဆိုမှတော့ ရတာပဲ ဒါပေမယ့် ကျိုးမိသားစုက အမှားကိုဝန်မခံဘဲ ငွေတွေပြန်ပေးဖို့ ငြင်းဆန်နေတယ်ဆိုရင်တော့ ဘာလုပ်သင့်လဲဆိုတာကို ကျွန်တော်တို့ ကြိုတွေးထားရလိမ့်မယ်"

ပိုင်လီက ကျိုးမိသားစုကို ငွေများ ပေးလိုက်ချင်စိတ် ရှိမနေပေ။ သူ့မှာဘယ်လောက်ပဲ ရွှေချောင်းတွေရှိနေပါစေ ကျိုးမိသားစု အခု လက်ထဲထည့်ထားတဲ့ ငွေတွေက သူရှောင်မိန်ကိုပေးထားတဲ့ လက်ဆောင်ကို ရောင်းထားတဲ့ငွေတွေလေ။ ဒါက ပန်းပင်ကနေ ငွေအဖြစ်ပြောင်းသွားမယ်ဆိုရင်လည်း ရှောင်မိန်ပဲ ပိုင်သင့်တာမဟုတ်ဘူးလား။

ပြီးတော့ သူ့ညီမကို စိတ်ဒုက္ခပေးလို့ သူက ကျိုးရှီနဲ့ ပိုင်မိသားစုကို စိတ်တိုတယ်။ ဒါကြောင့် ဘာခံစားခွင့်မှမပေးနိုင်ဘူး။

ပိုင်ကျန်းကလည်း ဒါကိုကြားချိန်မှာ တွေဝေသွားပြီး ကျိုးမိသားစုသည် ငွေများကို အလွယ်ထုတ်မပေးလာလောက်ဟု ခန့်မှန်းမိသွားခဲ့သည်။

ထိုအချိန်မှာ တစ်ချိန်လုံးတိတ်နေတဲ့ ပိုင်အဖေကဝင်ပြောလာကာ....

"ဒါက ကြေးပြားအနည်းငယ် မဟုတ်ဘူး ရွှေချောင်းတစ်ရာနီးပါးရှိတဲ့ ငွေတွေပဲ သူတို့ဘဝကို ပြောင်းလဲပေးနိုင်တဲ့ ပမာဏဖြစ်နေတဲ့အတွက် အလွယ်တကူထုတ်မပေးမှာက သဘာဝပဲ မင်း ရှောင်မိသားစုကို နမူနာကြည့်သင့်တယ် ငွေချောင်းအနည်းငယ်အတွက်တောင် သူတို့က ရုံးတော်ကိုလိမ်ဖို့သတ္တိရှိခဲ့တာ ဒါကရွှေချောင်းတွေဆိုရင်တော့ ငါထင်တယ် ကျိုးမိသားစုက သူတို့အသတ်ခံရမယ့် အခြေနေမဟုတ်သ၍ ရွှေချောင်းတွေကို ပြန်ပေးမှာမဟုတ်လောက်ဘူး"

ပိုင်အဖေ၏ ရှင်းလင်းသောထောက်ပြချက်အဆုံးတွင် ပိုင်ကျန်းက ဒါသည်အမှန်ဖြစ်နိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူတို့က ဒါကိုအေးအေးဆေးဆေး ပြီးလိုက်ဖို့ဆန္ဒရှိပေမယ့် ကျိုးမိသားစုကတော့ သူတို့ဘဝတစ်သက်တာ ထပ်မရနိုင်တော့မယ့် ဒီအခွင့်ရေးကို နောက်ဆုံးအချိန်ထိကာကွယ်သွားမှာ ဖြစ်နိုင်လောက်ပါတယ်။ နမူနာအနေနဲ့ ကျိုးရှီရဲ့ ရူးသွပ်နေတဲ့ပုံစံကိုပဲ ကြည့်သင့်တယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now