ကျွန်စျေးသို့အလည်တစ်ခေါက်

5.1K 762 17
                                    

အပိုင်း (၁၃၂) ကျွန်စျေးသို့အလည်တစ်ခေါက်-2

ပိုင်လီမေးတာကြားတော့ ချောင်ရန်ကလည်း ခေါင်းငြိမ့်လိုက်၍...

"ဟုတ်တယ်လေ ဆယ့်ရှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်"

ပိုင်အဖေသည် ဒါကိုကြားတော့ ခေါင်းရမ်းလိုက်၍ သူ့မိသားစုက အရမ်းဆင်းရဲနေရင်တောင် ကျွန်ဘဝတော့မဟုတ်၍ တော်သေးသည်ဟု တွေးမိခဲ့ပေသည်။ ကျွန်တွေရဲ့ဘဝက အရမ်းဆိုးဝါးပြီး သူတို့မှာကိုယ်ပိုင်ဘဝဆိုတာမရှိဘူး။ သူတို့ရဲ့သခင်ကသာ သတ်ချင်တယ်ဆိုရင် ဘာမှ လုပ်နိုင်မှာတောင်မဟုတ်ဘူးလေ။

ပိုင်လီလည်း စိတ်ထဲမှာ အနည်းငယ်တော့သက်ပြင်းချလိုက်မိ၏။ သူကူးပြောင်းလာတဲ့ မူလကိုယ်က အရမ်းဆိုးသွမ်းနေပေမယ့် ကျွန်တစ်ယောက်တော့ မဟုတ်လို့တော်ပါသေးတယ်။ မဟုတ်ရင် သူဘယ်လောက် လုပ်နိုင်စွမ်းရှိနေပါစေ အသက်စာချုပ်ကြောင့် လွတ်လပ်ခွင့်ရဖို့က လွယ်ကူမှာမဟုတ်ဘူးလေ။ ပြီးတော့ သူ့ကလေးတွေရဲ့ အသက်စာချူပ်တွေကို ဖျက်စီးလိုက်တာကလည်း တကယ်ကိုကံကောင်းတာပဲ။ မဟုတ်ရင် သူ့ရဲ့ အချစ်ခံရဖို့သာ ထိုက်တန်တဲ့ အဲဒီအသေးလေးတွေက အရမ်းဆိုးဝါးတဲ့ဘဝကို ရလိမ့်မယ်။ အဲတာက တွေးကြည့်ရုံနဲ့တောင် စိတ်မချမ်းသာစရာပါပဲ။

ထို့နောက် သူတို့သည် လှေ၏အတွင်းပိုင်းထဲသို့ ဝင်ခဲ့ကျပြီး အထဲမှာ လူတွေက ပိုစည်ကားလျက်ရှိပေသည်။ ပြောရရင်တော့ အဲတာက တကယ် ပွဲတော်တစ်ခုလိုပါပဲ။ ဒီမှာ ကျွန်တွေကို ရောင်းနေတာတွေက ပွဲတော်တွေမှာ ပစ္စည်းတွေကို ဆိုင်ခန်းတွေနဲ့ရောင်းနေသလိုမျိုးပဲ ကျွန်တွေကိုရောင်းနေတဲ့လူတွေက ဟိုဒီတစ်စုတစ်စုနဲ့ ရှိနေခဲ့ကျပြီး သူတို့က သူတို့ရဲ့ကျွန်တွေက ဘယ်လောက်ကောင်းကြောင်းကိုလည်းအော်ဟစ်နေပြီး စျေးခေါ်နေကျလေရဲ့။ 

ဒီအချိန်မှာ ပိုင်လီက တကယ်ကြီး သိချင်သွားတာကတော့ ဒီပွဲက တကယ်ရော တရားဝင်ဟုတ်ရဲ့လားဆိုတာပါပဲ။

ချောင်ရန်က သူတို့ကို ပေါက်ကရ ရောင်းနေတဲ့သူတွေဆီ ခေါ်မသွားခဲ့ဘဲ သူက ပိုပြီးအတွင်းကျကျနေရာဆီ ခေါ်သွားရင်း တိုးတိုးတိတ်တိတ်ပြောလာခဲ့သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now