ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်

5K 720 10
                                    

အပိုင်း (၁၄၂) ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်

ရှောင်ဟန်က သူ့ခင်ပွန်းရဲ့ အေးဆေးတည်ငြိမ်တဲ့အမူရာနဲ့ နူးညံ့တဲ့အပြုံးကိုကြည့်ပြီး ဘာကိုမေးနေတာမှန်း ချက်ခြင်း သဘောပေါက်သွားသလိုပါပဲ။ ဒါကြောင့် သူက ပြန်ဖြေခဲ့လိုက်တယ်။

"အဲတာက...
အရမ်းကောင်းပါတယ်"

ပိုင်လီက ဒီအဖြေကိုကြားတော့ ပိုမိုပြုံးလိုက်မိသည်ပင်။ တကယ်တော့ သူက လက်ရှိမှာ ပြုံးနေပေမယ့်အနည်ငယ် စိတ်လှုပ်ရှားနေခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ သူက ဒီနေ့မှာ သူ့ဇနီးလေးကို ဖွင့်ပြောဖို့ရည်ရွယ်ထားတာကြောင့်လေ။

သို့သော် သူက စိတ်လှုပ်ရှားနေပေမယ့် ဝေ့ဝိုက်နေရတာကို သဘောမကျသည့်လူမျိုးပါပင်။

ဒါကြောင့်ပဲ ပိုင်လီက ပြောလိုက်ပါတယ်။

"ဒါဆို.. ကိုယ်တို့ အစကပြန်စကျရင်ရော ဘယ်လိုလဲ"

ဒါကိုတော့ ရှောင်ဟန်က နားမလည်တော့ပေ။ ခုနကမေးခွန်းက အမည်တပ်မထားပေမယ့် အခုနောက်ပိုင်း အခြေနေတွေကို မေးတာလို့ နားလည်နိုင်သေးတယ်။ ဒါပေမယ့် အစက ပြန်စရအောင်ဆိုတာက ဘာကိုပြောချင်တာလဲ။

ရှောင်ဟန်က ထိုမေးခွန်းအား အနည်းငယ်ပင် စိုးရိမ်လာခဲ့ပေသည်။ သူက ပိုင်လီပြောတဲ့ အစပြန်စရအောင်ဆိုတာကို တလွဲသွားပြီး တွေးမိခဲ့ပါတယ်။

ပိုင်လီကလည်း သူ့ဇနီးလေးရဲ့ တဖြေးဖြေးစိုးရိမ်လာတဲ့ မျက်နှာအမူရာကိုကြည့်ပြီး သဘောပေါက်သွားတာကြောင့် သူက သူ့ဇနီးရဲ့ လက်ဖဝါးတွေကိုဆုပ်ကိုင်ပြီး လျှင်မြန်စွာပြောလိုက်ရလေသည်။

"ကိုယ်ပြောတာကို အရင်နားထောင်ပါဦး ကိုယ်ပြောတာက ကိုယ်တို့ရဲ့အစက မကောင်းခဲ့လို့ ပြန်စကျရင်ကောင်းမလားလို့ ပြောချင်တာပါ အတိတ်တွေကဖျောက်ဖျက်လို့မရမှန်း ကိုယ်လည်းသိပါတယ် ဒါပေမယ့် ကိုယ်ဒါကိုပြန်ပြင်ချင်တယ် ကိုယ်အရင်ကမိုက်မဲခဲ့တယ်လေ မင်းနဲ့ကလေးတွေကို တန်ဖိုးထားရမှန်းမသိခဲ့ရအောင်ထိ တုံးအခဲ့တယ် အခုတော့မဟုတ်တော့ဘူး အခု မိသားစုကသာ တန်ဖိုးအထားသင့်ဆုံးအရာဆိုတာကို ကိုယ်သိသွားခဲ့ပြီ ဒါကြောင့် ရှေ့လျောက် ကိုယ်မင်းနဲ့ကလေးတွေကို ဂရုစိုက်ပေးမယ် ချစ်မြတ်နိုးပေးမယ် အခုလက်ရှိလိုမျိုးလေ "

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now