စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့

10.1K 1.4K 14
                                    

အပိုင်း (၅၇) စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့

ပိုင်လီက အိပ်နေရင်းကနေ ရုတ်တရက်အနိုးခံလိုက်ရပေမယ့် စိတ်မကြည်လင်တာမျိုး မဖြစ်တတ်သဖြင့် သူ့မျက်လုံးများကိုပွတ်သပ်ရင်း ထထိုင်လိုက်ကာ သူ့ကုတင်ဘေးက ချောင်ချင်းချင်းဟုခေါ်သည့် ကလေးမလေးကိုကြည့်လိုက်ပြီး...

"ချင်းချင်းလား.. ဘာဖြစ်လို့လဲ"

ချောင်ချင်းချင်းသည် ပိုင်လီနိုးလာတာ မြင်သည့်အခါ သူမလေးတွင် တိုင်ပြောရန်စကားလုံးများ များနေသကဲ့သို့ပြောဖို့အားယူနေချိန်မှာပင် အခန်းထဲသို့ချောင်ရန်ဝင်လာခဲ့သည်။ ချောင်ရန်ကိုကြည့်ရတာ ဒီသမီးတစ်ယောက်ကြောင့် အနည်းငယ်စိတ်ညစ်နေသလိုပါပဲ။ သူက...

"အိုက်ယား ငါမသင်္ကါလို့လာကြည့်လိုက်တာ ထင်တဲ့အတိုင်းပဲ"

အဲဒီနောက် သူက အပြေးလာကာ ပိုင်လီကုတင်နားက ကလေးမလေးကိုဆွဲခေါ်သွားပြီး...

"ညီလေးပိုင်ရေ မင်းအကိုကြီးက တောင်းပန်ပါတယ် တည်းခိုအိမ်မှာဆို အဆင်မပြေမှာစိုးလို့ အိမ်မှာတည်းဖို့ဖိတ်ခါမှ နှောက်ယှက်မိသလိုဖြစ်နေပြီ ချောင်ချင်းချင်း! အဖေဘာပြောထားလဲ ဦးဦးပိုင်ကိုသွားမနှောက်ယှက်ရဘူးလို့ ပြောထားတယ်လေ ဦးဦးကို အခုတောင်းပန်လိုက်!"

သို့သော် ချောင်ချင်းချင်းသည် အလွန်ခေါင်းမာပုံရလေသည်။ သူမလေးက တောင်းပန်ဖို့နေနေသာသာ ချောင်ရန်လက်ထဲကနေ ရုန်းနေပြီး သူမကပိုင်လီအနားကိုပြန်ပြေးလာချင်နေပုံရ၏။

ပိုင်လီက ဒီမြင်ကွင်းကို ပြုံးကာကြည့်နေပြီး...

"ဒါ ဘာတောင်းပန်စရာလိုလို့လဲ ကျွန်တော်လည်း ပုံမှန်ဆို ဒီအချိန်လောက်နိုးနေကျပါပဲ ချင်းချင်းလာမနိုးတောင် ခဏနေနိုးလာတော့မှာ"

ပိုင်လီပြောတာ အမှန်တရားပါပင်။ အချိန်သည် ပိုင်လီနိုးနေကျအချိန်သို့ရောက်နေပြီး ချင်းချင်းလာမနိုးတောင် သူက မကြာခင်နိုးလာတော့မှာဖြစ်၍ ပိုင်လီက အနှောက်ယှက်ခံရသလို မခံစားရပေ။ အဲဒါအပြင် ပိုင်လီက ကလေးတွေကိုချစ်ပါတယ်။ ချောင်းချင်းချင်းက အရမ်းဆိုးဝါးတဲ့ကိစ္စကိုလုပ်တာလည်းမဟုတ်ဘဲနဲ့ သူကဘယ်လိုများစိတ်ထဲထည့်မှာလဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now