အပိုင်း (၁၁၀)

7.1K 910 4
                                    

အပိုင်း (၁၁၀) မုဆိုးကြီးအိမ်ကစားသောက်ပွဲနှင့် ချောင်မိသားစုကို နုတ်ဆက်ခြင်း

ဒီနေ့ညအတွက် ပိုင်လီပြင်ထားသည့် ညစာများမှာ သူနဲ့ အသေးလေးတွေလည်း အရမ်းကြိုက်ပြီး ချောင်မိသားစုလည်း မစားဖူးလောက်သေးသည့် ယုန်သားအစပ်ဟင်းနှင့် ရှောင်ဟန်လို အစပ်မစားနိုင်သူများအတွက်မူ ယုန်သားအချိုချက် ထပ်ရှိကာ နောက်ထပ် အသားဟင်းတွေအနေနှင့် ရစ်ငှက်နှင့်အားလူးနှပ်၊ ငရုပ်ပွသီးနှင့် ဝက်သားသုံးထပ်သား​ကြော်နှင့် အသီးရွက်ဟင်းများအနေဖြင့် တောခရမ်းသီးများ၊ မျှစ်(ဝါးနု)များ၊ ဂေါ်ဖီများနှင့် မုန်ညှင်းလို ဟင်းရွက်များကို အချို့ကိုအကြော်၍ တချို့ကိုချက်ခဲ့ပြီး အသီးရွက်ချဥ်ဟင်းတစ်ခွက်လည်း ပါဝင်သေးပါသည်။

လူတိုင်းက ညစာကို ကျေနပ်စွာစားခဲ့ကျရပါတယ်။

အထူးသဖြင့် ချောင်မိသားစုမှာ ရှောင်ဟန်က ဟင်းချက်လက်ရာ အရမ်းကောင်းတယ်ဟု မြင်သွားကျပြီး ဘာလို့ဆို သူတို့က ဒါတွေအကုန်လုံးကိုရှောင်ဟန်ချက်ထားတယ်လို့ပဲ ထင်နေကျတာကြောင့်ပါပဲ။ သူတို့က ညနေပိုင်းမှာ ပိုင်လီပျောက်နေမှန်း သတိထားမိကျပေမယ့် အဲလိုဆိုရင်တောင် ပိုင်လီကဘေးက ကူညီရုံပဲလို့သာ သူတို့က တွေးမိကျတာဖြစ်သည်။

ညစာစားလို့အပြီးတွင် ဟုန်ရင်းက ပြုံးလျက်နှင့်...

"မောင်လေးပိုင်က ကံကောင်းလိုက်တာနော် ဇနီးလေးက အချက်ပြုတ်အရမ်းတော်တာပဲ ဒီနေ့ဟင်းတွေက အရမ်းစားလို့ကောင်းတယ်"

ချောင်ရန်သည် ဒါကိုထောက်ခံ၍...

"အမှန်ပဲ ငါအများကြီးတောင်စားမိသွားတယ် ဟဟား ဒီလိုဆိုတော့လည်း ကူလုပ်ပေးခဲ့ရတာတန်သားပဲ"

ဒါကိုကြားတော့ ချောင်းချင်းချင်းလေးကလည်း သူမလေးရဲ့ ပြည့်တင်းနေတဲ့ဗိုက်လေးကို ပွတ်သပ်လျက်ပြောလာခဲ့၏။

"ဟုတ်တယ် ဦးဦးပိုင်အိမ်က ဟင်းတွေက စားလို့အရမ်းကောင်းတာပဲ"

ချောင်လုပိုင်သည် သူ့မိသားစုဝင်များ၏ စကားများကိုကြားပြီးနောက် မျက်လုံးလိမ့်လိုက်မိလေသည်။ ဟင်းတွေက တကယ်စားကောင်းပေမယ့် သူ့မိသားစုဝင်တွေက သိက္ခာကို ထိန်းသိမ်းဖို့တောင်မလုပ်ခဲ့ကျဘဲ ဒီလိုကြီးဖော်ပြခဲ့ကျပါတယ်။ အရမ်းရှက်စရာကောင်းတာပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now