ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်

12.8K 1.5K 32
                                    

အပိုင်း (၁၆) ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်

ပိုင်အိမ်ကထွက်လာပြီးတော့မှ ပိုင်လီသည် ​ကလီစာခြင်းတောင်းအားပေးဖို့မေ့နေခဲ့သည်ကို သတိရသွားသဖြင့် သက်ပြင်းချလိုက်မိသည်။ ကျိုးရှီနဲ့စုရှီက လူတွေကို စိတ်ဒုက္ခပေးဖို့ရှိနေတာလားပဲ။

တကယ်တော့ပိုင်လီက ဆိပ်ကမ်းမြို့မှာ ပိုင်မိသားစုဝင်တိုင်းအတွက် လက်ဆောင်အနည်းငယ်စီဝယ်ပေးဖို့ပြင်ဆင်ထားပြီးသားပေမယ့် ဘယ်သူသိမှာတုန်း ထိုနှစ်ယောက်က ဒီလောက်လောနေမယ်လို့။ အခုတော့ သူက ပိုင်မိသားစုဝင်တိုင်းအတွက်ဝယ်ပေးခဲ့ရင်တောင် ဒီလိုရုပ်ဆိုးတဲ့ကိစ္စဖြစ်ပျက်ပြီးနောက်မှာ သူတို့နှစ်ယောက်အတွက် ချန်ထားခဲ့တော့မှာပါ။ ပိုင်လီက ပိုင်ကျန်းနဲ့ပိုင်စန်းက သူ့ကိုအခုအထင်မလွဲလောက်မှာသိပေမယ့် သံသယဆိုတာ ဖြေးဖြေးခြင်းအစပျိုးလာတတ်တာမျိုးဖြစ်တာကိုသိထားတဲ့အတွက် သူက ထိုနှစ်ယောက်ကိုရှောင်ရတော့မှာပင်။ ပိုင်ကျန်းက ရိုးရှင်းအေးဆေးတဲ့လူဖြစ်ပြီး ပိုင်စန်းက နာခံလွယ်၊ယုံလွယ်တဲ့သူ ဖြစ်လို့ အကယ်၍ဘေးစကားတွေက သူတို့ကိုသွေးးထိုးခဲ့မယ်ဆိုရင် ဒီညီအကိုနှစ်ယောက်ကလည်း လုံးဝစိတ်ထဲမရှိမှာတော့မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ မူလပိုင်လီက တစ်ဘဝလုံးကို မိန်းမတွေရဲ့စကပ်အောက်မှာပဲခေါင်းမြုပ်ထားခဲ့တဲ့အတွက် ပိုင်လီဘယ်လောက်ပဲအခုကောင်းကောင်းပြုမူနေပါစေ လူတွေရဲ့အမြင်မှာတော့ မူလပိုင်လီရဲ့လုပ်ရက်တွေက ပိုင်လီရဲ့အတိတ်ပဲဖြစ်နေမှာပါ။

ပိုင်လီက ထပ်မံသက်ပြင်းမချပဲမနေနိုင်ပေ။ သူက ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်ပေမယ့် အဲဒီနှစ်ယောက်က ပိုင်မိသားစုမှာဘယ်လိုလုပ်ရှိနေရတာလဲ။

ပိုင်မိန်သည်လည်း လှည်းပေါ်၌ ဒေါသတကြီးအော်ဟစ်နေ၏။ သူမက သူမဘဝ၌ဒီလောက်အရှက်မရှိတဲ့လူများကိုမမြင်ဖူးဟုဆိုပြီး ရှောင်ဟန်အားလည်း ထိုနှစ်ယောက်ကို မဆူပူလိုက်၍ သူမလေးကအပြစ်တင်ချင်နေသည်။ ပိုင်လီက မျက်လုံးထောင့်မှနေ၍ ရှောင်ဟန်က ပိုင်မိန်အားဖွဖွလေးပြုံးပြလိုက်တာကိုမြင်ပြီး သူလည်းမတွေးပဲမနေနိုင်တော့ပေ။ ရှောင်ဟန် ဒီကိစ္စအပေါ်မှာ တကယ်ပဲဘယ်လိုမှမနေဘူးလား။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now