လူဆိုးလေးရှောင်ဝူ

6K 858 11
                                    

အပိုင်း (၁၂၃) လူဆိုးလေးရှောင်ဝူ

နောက်တစ်နေ့မနက်ခင်း အိပ်ယာနိုးချိန်တွင် ရှောင်ဟန်နှင့် ပိုင်လီက တစ်ချ်န်ထဲလိုပင် နိုးလာခဲ့ကျသည်။ ဒါက ပိုင်လီအတွက်တော့ အနည်းငယ်ထူးဆန်းနေသလိုပါပဲ။ သူက ဒီကိုရောက်ပြီးထဲကလေးတွေမပါဘဲ ရှောင်ဟန်နဲ့ နှစ်ယောက်ထဲ အတူအိပ်တာက ပထမဆုံးဖြစ်လို့ သူ့ကိုယ်သူ စိတ်လှုပ်ရှားနေလောက်မယ်လို့ ထင်ခဲ့ပေမယ့် သူက ပုံမှန်ဖြစ်စွာပဲ အိပ်ပျော်သွားခဲ့တယ်တဲ့လေ။

ပိုင်လီက ဒီလိုနေသားကျမှုအတွက် ကျေနပ်နေခဲ့ပြီး သူက ​သန့်ရှင်းရေးလုပ်ပြီးချိန်၌ ရှောင်ဟန်အား သူ မနက်စာ သွားယူလိုက်ဦးမည်ဟုပြောကာ ထွက်လာခဲ့ပြီး လမ်းတွင် အသေးလေးတွေ၏အခန်းကို ဝင်ကြည့်ခဲ့သေးပေသည်။

အဲဒီမှာ ပိုင်မိန်က နိုးနေပြီပေမယ့် ကောငယ်လေးတွေကတော့ အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကျတုန်းပါပဲ။ သူတို့လေးတွေ အိပ်နေတဲ့ ပုံလေးတွေကလည်း ကားကားယားယားလေးတွေနဲ့ အလွန်ကို ချစ်စဖွယ်အတိပဲ။

ညက ပိုင်လီနဲ့ရှောင်ဟန်က တစ်ခန်းအိပ်ခဲ့ကျပြီး အသေးလေးတွေက ပိုင်မိန်နဲ့အတူအိပ်ခဲ့ကျတာဖြစ်လို့ ပိုင်လီက အစကမှာ အသေးလေးတွေက သူတို့နှစ်ယောက်လုံးနဲ့ ညဘက်အတူမရှိတဲ့အပေါ် အသားမကျမှာကို စိုးရိမ်ခဲ့ပေမယ့်လည်း ထိုကောင်စုတ်လေးတွေက တစ်နေ့လုံး တတ်ကြွထားပြီးနောက် ညစာစားပြီးပြီးခြင်း အိပ်ပျော်သွားခဲ့ကျသဖြင့် ပြဿနာမရှိခဲ့တော့ပေ။

ပိုင်မိန်က သူမရဲ့ပုလဲလက်ကောက်ကို ဝတ်ဆင်နေတုန်းမှာ သူမရဲ့ဒုတိယအကိုက ရောက်လာခဲ့ခြင်းဖြစ်သည်။ သူမလေးက တံခါးသွားဖွင့်ပေးလိုက်ပြီးနောက် သူမရဲ့လက်ဝတ်ရတနာတွေကို ဝတ်နေရင်း ပြောလာခဲ့၏။

"ဒုတိယအကိုသိရဲ့လား ရှောင်ဝူလေးက ညက ညီမလေးကိုကန်တယ်! ညီမလေးက အခုမှပဲ ဘာလို့အကိုက ဒီကောင်လေးတွေကို ညီမလေးနဲ အိပ်ခိုင်းရလဲသိတော့တယ် ဟွန့်!"

ရှောင်ဝူလေးသည် ကြာလေ အဆိုးပေလေး ဖြစ်လာခဲ့သည်။ သူလေးက နေ့ဘက်တွေမှာ အရမ်းပြေးလွှားဆော့တတ်လို့ ညဘက်ဆို ယောင်ပြီး ဘေးကလူတွေကို ကန်တတ်လာခဲ့ပါတယ်။ ဒါကြောင့် အိပ်တဲ့အခါမှာ ပိုင်လီက ရှောင်ဝူကို သူ့ဘေးမှာ ထားထားရတယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now