ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်

10.8K 1.4K 21
                                    

အပိုင်း (၅၄) ဝက်ဝံကြီးကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်

လှည်းနှစ်စီးကို တွဲကာထိန်းထားရသည်ဖြစ်လို့ ပိုင်လီက ပုံမှန်ထက် အရှိန်ကိုမမြန်နိုင်ပေ။ သူက လှည်းတွေကို ပုံမှန်သာထိန်းမောင်းသွားခဲ့ပြီး မြို့လေးသို့အရောက်တွင် အတော်လေးလင်းနေပြီဖြစ်ကာ ပိုင်လီ၏ခန့်မှန်းချက်အရ မနက်ခင်းခြောက်နာရီလောက်ပင်ဖြစ်လိမ့်မည်။ ဒီအချိန်က မြို့လေးပေါ်မှာလူရှင်းနေစဲဆိုပေမယ့် သွားလာနေတဲ့ တစ်ယောက်တစ်လေတော့ရှိနေပါပြီ။

ဒါပေမယ့် ပိုင်လီက တောဝက်တွေရောင်းတုန်းကလို မြို့လေးကိုဝင်ဖို့ အစီစဥ်တော့မရှိခဲ့ပေ။ ဝက်ဝံသားက တောဝက်နဲ့မတူဘူးလေ။ အကောင်က အရမ်းကြီးပေးမယ့် ဆိပ်ကမ်းမြို့ကဝယ်ချင်တဲ့လူတိုင်းတောင် မရလောက်မှာကို သူခန့်မှန်းနိုင်သည်။ ဒါကြောင့် ဒီဝက်ဝံက ဆိပ်ကမ်းမြို့ကလူတွေနဲ့တင် လုံလောက်ပါတယ်။ အကယ်၍ မြို့လေးကလူတွေသာသိသွားရင် သူတို့ရွာကလူတွေက မြို့လေးကိုတော့ အမြဲတစေအဝင်ထွက်ရှိလို့ သတင်းကရွာကိုမြန်မြန်ပဲရောက်သွားလိမ့်မယ်။

ဒီအတွေးနဲ့ ပိုင်လီက မြို့လေးသို့မဝင်တော့ပဲ ဆိပ်ကမ်းမြို့ကိုပဲဦးတည်သွားခဲ့ကာ သူ၏ ပုံမှန်အရှိန်နှင့်ပဲ သွားလာမှုကြောင့် ဆိပ်ကမ်းမြို့ကို ခန့်မှန်းချေအရ ညနေသုံးနာရီကျော်လောက်မှပင် စိုက်ရောက်ခဲ့တော့သည်။

ပိုင်လီ၏ လှည်းနှစ်စီးတွဲသည် အရမ်းကိုမျက်စိဖမ်းစားချင်စရာကောင်းနေခဲ့ပြီး လူများက ဝိုင်းကြည့်လာကျကာ တချို့မှာမူ ပိုင်လီကို ယခင်က တောဝက်တွေ လာရောင်းခဲ့သည့်လူမှန်း မှတ်မိသွားကျ၍...

"ဟေး ဒါ အရင်က တောဝက်တွေလာရောင်းသွားတဲ့ မုဆိုးပိုင်မလား"

"ဟုတ်တယ်ကွ ဒါကမုဆိုးပိုင်ပဲ ဒီတစ်ခါလှည်းနှစ်နဲ့ပါလား တောကောင်သားတွေ ထပ်လာရောင်းလားမသိဘူး"

"ဖြစ်နိုင်တယ် ဝါးဖျာတွေအုပ်ထားပေမယ့် အောက်မှာတစ်ခုခုရှိနေတာ သိသာတယ်လေ"

ဤသို့လူများက တီးတိုးပြောနေကျရင်းဖြင့် တချို့ကသိချင်စိတ်ကြောင့် ပိုင်လီ၏လှည်းနောက်လာခဲ့ကျသည်။ အရင်က ပိုင်လီ တောဝက်တွေလာရောင်းအပြီးမှာ ပိုင်လီထပ်အရောက်လာကို မျှော်နေတဲ့လူတွေအများကြီးရှိပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီတုန်းက ပိုင်လီတို့ရောက်လာတာက အရမ်းရုတ်တရက်ဆန်ပြီး မသိလိုက်တဲ့လူတွေ အများကြီးရှိနေတယ်လေ။ ဒါကြောင့် တချို့လူတွေက ပိုင်လီဆိပ်ကမ်းမြို့ကို တောကောင်တွေနဲ့အတူ ရောက်လာမှာကို နားစွင့်၍နေခဲ့ကျ၏။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now