အစေခံများ

5.5K 757 12
                                    

အပိုင်း (၁၃၄) အစေခံများ

"ဘာမှမဖြစ်ပါဘူး ကောင်းပါတယ် ခင်ဗျားစီစဥ်တာကောင်းတယ်"

ဒါကိုကြားတော့ ပိုင်လီက နားလည်သည့်ပုံဖြင့်ဘခေါင်းငြိမ့်လိုက်သော်လည်း သူ့ဇနီးလေးက အနည်းငယ်တော့ အတွေးများနေမှာကို သိထားသည်ပင်။ ဒါက စကားနဲ့ပြောနေလို့ ယုံကြည်မှုရနိုင်မှာတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ အလုပ်နဲ့ သက်သေပြရုံပဲလေ။

ဒါကြောင့်သူက အဲတာကိုထားလိုက်တော့ပြီး ထိုမိန်းကလေးတွေကို ပြောလိုက်ပါတယ်။

"ဒါကမင်းတို့သခင် ငါ့ရဲ့ဇနီးပဲ နောက်ဆို သူကပဲ မင်းတို့ကို အဆုံးဖြတ်ပေးလိမ့်မယ်"

ရှောင်ဟန်သည် ရုတ်တရက်ကြီးတစ်ယောက်ယောက်၏ သခင်ဖြစ်လာသည့်အပေါ် အသားမကျနိုင်ပေ။ ဒါကြောင့် သူက အနေရခက်နေပေမယ့် ပိုင်လီကတော့ ထိုလူတွေကို ရှောင်ဟန်ဆီသို့သာ လွဲပေးလိုက်ပါတယ်။ ပြီးတော့ လေးယောက်ထဲက အသက်အကြီးဆုံးတစ်ယောက်က ပိုင်အိမ်အတွက်လို့ ပြောလိုက်တာကြောင့် ပိုင်မိန်ကအံသြသွားလေရဲ့။ သူမလေးက....

"အိမ်အတွက်ပါတာလား! ဒါဆို ညီမလေးတို့အိမ်မှာလည်း အစေခံတစ်ယောက်ရှိပြီပေါ့ ဒါဆို.. ဒါဆို ညီမလေးက သခင်မလေးလို့ အခေါ်ခံရတော့မှာပေါ့နော်!"

ပိုင်လီမှာ ကလေးဆန်လွန်းသည့် သူ့ညီမလေးကြောင့် မတတ်နိုင်စွာ ခေါင်းသာရမ်းလိုက်မိတော့ပေသည်။ တကယ်တော့ ဒီကောင်မလေးက စိတ်ထဲမှာဘာမှရှိတာမဟုတ်ပါဘူး။ သူက ဒီတိုင်း လူချမ်းသာမလေး ဖြစ်ချင်နေရုံပါပဲ။

တကယ်တော့ ပိုင်လီက အမျိုးသမီးနှစ်ယောက်လုံးကို ပိုင်အိမ်ကို ပေးလိုက်ဖို့ အတွေးရှိခဲ့သေးပေမယ့်ပိုင်အမေက လုံးဝလက်မခံမှာကို ကြိုသိနေခဲ့ပေသည်။ ဘာလို့လည်းဆိုတော့ ပိုင်အမေက ဒီအစေခံတွေကို အလကားရရင်တောင် နှစ်ယောက်ကိုကျွေးထားဖို့ ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်လို့ပါပဲ။ ဒါကြောင့် ပိုင်လီကလည်း အမျိုုးသမီးနှစ်ယောက်ထဲက တစ်ယောက်ကို သူ့ဇနီးလေးကို အိမ်အလုပ်တွေ ကူလုပ်ပေးဖို့အတွက်ပဲ ထားလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တာပင်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now